အခန်း (၄၈)
ဝမ်ချင်းလင်က သူ့အဖေနှင့် အမေ၏ စကားများကို နာမခံဘဲ မနေရဲပေ။ ထိုလူနှစ်ယောက် ထွက်သွားသည်နှင့် လင်းချန်မြို့တော် ကိစ္စများကို စတင်ဖြေရှင်းရတော့သည်။
ဝမ်ချင်းလင်က ညီအစ်မနှစ်ယောက်နှင့် သွေးအလောင်းကောင်ကို ခေါ်ပြီး လင်းချန်မြို့တော်၏ အနာဂတ်တိုးတက်မှုအတွက် ဆွေးနွေးကြသည်။
သွေးအလောင်းကောင်က ယခုတစ်ခေါက် အင်မတန် ပွင့်လင်းနေသည်။ သူက ဝမ်ချင်းလင်ကြောင့် တကယ် ကြောက်လန့်သွားခဲ့သည်။ သူက ဝမ်ချင်းလင်ကို ဗိုလ်ချုပ်နှင့်အတူ တိုက်ခိုက်ဖို့ အားပေးခဲ့ခြင်းက သူ့ဆီမှာ မကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့သောကြောင့် ဖြစ်သည်။ ဝမ်ချင်းလင်နှင့် ဗိုလ်ချုပ်တို့ အတူတူ သေသွားလျှင် ပိုကောင်းသည်။ ဒီလိုဖြစ်သွားပါက လင်းချန်မြို့တော်က သူ့အပိုင် ဖြစ်လာလိမ့်မည်။ သို့သော် ဝမ်ချင်းလင်က ဗိုလ်ချုပ်ကို အဝေးသို့ မောင်းထုတ်လိုက်နိုင်မည်ဟု သွေးအလောင်းကောင် ထင်မထားခဲ့ပေ။ ယခု လင်းချန်မြို့တော်၏ အင်အားအကြီးဆုံးသူက ဗိုလ်ချုပ်ကနေ ဝမ်ချင်းလင် ဖြစ်သွားသည်။
ဘယ်လိုပဲ ကြည့်ကြည့် သွေးအလောင်းကောင်အထက်မှာရှိနေတုန်းပဲ ... လူပဲ ပြောင်းသွားတာ
ဝမ်ချင်းလင်က သွေးအလောင်းကောင်၏ အတွေးများကို စိတ်မဝင်စားပေ။ သူ မသေသေးသရွေ့ သွေးအလောင်းကောင်က သူ့ထက် သာလွန်နိုင်မည် မဟုတ်ပေ။
လင်းချန်မြို့တော်တွင် အဓိက မြို့ပြနေရာ ငါးခု ရှိသည်။ ဦးတည်ရာတစ်ခုတွင် မြို့ပြတစ်ခုစီ ရှိသည်။ မြို့တော်က အမှီခိုကင်းမဲ့သော မြို့တစ်မြို့ ဖြစ်သည်။ ဝမ်ချင်းလင်က နန်းချန်ကို ပိုင်ဆိုင်ခဲ့သည်။ ယခု မြို့တော်ကပါ သူ့အပိုင်ဖြစ်သွားပြီ ဖြစ်သည်။ ထို့အပြင် တုံချန်ကို သွေးအလောင်းကောင်က ပိုင်ဆိုင်ပြီး ရှီချန်ကို ညီအစ်မနှစ်ယောက်က ပိုင်ဆိုင်သည်။ ယခု ပေချန်ကတော့ ပိုင်ဆိုင်သူ မရှိသေးပေ။
ဝမ်ချင်းလင်က ပြောလိုက်သည်
" ငါ့ဆီမှာ အခု ရည်မှန်းချက် အကြီးကြီးတစ်ခု ရှိတယ်။ လင်းချန်မြို့တော်ကို ကြီးမားတဲ့ အခြေစိုက်စခန်းတစ်ခုအဖြစ် တည်ဆောက်ချင်တယ်။ မင်း ဘယ်လိုထင်လဲ"
ESTÁS LEYENDO
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Accióneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်