အခန်း(36)

5.2K 987 17
                                    

အခန်း (၃၆)

ရှောင်ဟန်က လင်းချန်အခြေစိုက်စခန်းအထိ မောင်းသွားလိုက်သည်။ ဝင်ပေါက်ရှိ လူများကို မြင်ပြီး ဝမ်ချန်အခြေစိုက်စခန်းမှ စပီကာကို ယူပြီး ဇွန်ဘီလှိုင်း ဖြစ်လာတော့မည့်အကြောင်း ပြောချင်စိတ်ကို ထိန်းမရတော့ပေ။

ဒီမှာ သူတို့က ဘာလုပ်နေကြတာလဲ ...

" ဒီကနေ ထွက်သွားကြ ... ထွက်သွားကြ " ရှောင်ဟန်က အရှိန်မလျော့ဘဲ ဟွန်းဆက်တိုက်တီးကာ အော်ပြောနေသည်။

လူများက အုံခဲနေသောကြောင့် တစ်ယောက်ပြီး တစ်ယောက် ရှောင်ရှားပြီးသည့်အခါ ကားက အလျှင်စလို ဝင်ရောက်လာသောကြောင့် အစောင့်များက နောက်မှ လိုက်ဖမ်းကြသည်။

ရှောင်ဟန်က " ဇွန်ဘီလှိုင်းကြီး လာနေပြီ။ အားလုံး မြန်မြန်ပြေးကြ "

လမ်းပေါ်၌ လမ်းလျှောက်နေသူများက တစ်ယောက်ပြီး တစ်ယောက် တုံ့ဆိုင်းသွားကြသည်။ သတင်းက အမှန်ဟုတ်လား၊ မဟုတ်လား မသိသော်လည်း စိတ်လွတ်သွားကာ ဘာမှမစဉ်းစားနိုင်တော့သည့်လူများ ရှိလာသည်။ တချို့လူများက မိသားစုဝင်များကို သွားခေါ်ကာ ကားများဖြင့် အသီးသီး ထွက်သွားကုန်ကြ၏။

အခြေစိုက်စခန်း၌ ကမောက်ကမ ဖြစ်ကုန်လေသည်။

အပြင်ဘက်မှု လှုပ်ရှားမှုကို အာရုံခံမိသည့် မြောင်ပိုက ဖန်ရှန်းလုံဆီ အကြောင်းကြားလိုက်သည်။ ရှောင်ဟန်၏ ကားလေး ဌာနချုပ်ဆီ ရောက်လာသည့်အခါ ဖန်ရှန်းလုံ၏ လူများက ဝိုင်းထားလေ၏။

ဖန်ရှန်းလုံ၏ အမူအယာက ပျက်ယွင်းနေပြီး "ကာနယ်ရှောင်က လွန်လွန်းသွားပြီ။ အခု အခြေစိုက်စခန်းတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပြီ။ ဘာဖြစ်စေချင်နေတာလဲ "

ရှောင်ဟန်၏ အမူအယာက သူ့ထက် ပိုဆိုးနေလေသည် "ဇွန်ဘီလှိုင်းလုံးကြီး လာနေပြီ။ ခင်ဗျားတို့တွေ အခုချက်ချင်း ထွက်သွားဖို့ မျှော်လင့်တယ်"

ဖန်ရှန်းလုံက ပြောလိုက်သည် "ငါ့ကို လင်းချန်အခြေစိုက်စခန်းကို လက်လျော့ခိုင်းနေတာလား။ မဖြစ်နိုင်ဘူး။ ကာနယ်ယင်က ဘယ်မှာလဲ။ သူက ငါ့ကို ဒီအခြေစိုက်စခန်း ကာကွယ်ပေးမယ်လို့ ကတိပေးထားတယ် "

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now