အခန်း (၄၅)

5K 982 29
                                    


အခန်း (၄၅)

ဘေးကင်းရန်အတွက် ဝမ်ချင်းလင်သည် ကျိရုန်အား မိုင်တစ်ရာအကွာတွင် ကားရပ်ထားခိုင်းဖို့ ကြံစည်ထားခဲ့သော်လည်း ယခု အခြေအနေအရ လုံးဝ မလိုတော့ပေ။

ဝမ်ချင်းလင်၏ အသံက ရှောင်ဟန်နှင့် စုန့်ယို့ယွမ်တို့ နားထဲ ပျံ့လွှင့်လာကာ " ဝမ်ချန်အခြေစိုက်စခန်းက မတော်တဆ တစ်ခု ဖြစ်ထားတယ်။ မင်းတို့ စောင့်စရာ မလိုဘူး။ မြို့လယ်ကို သွားပြီး ဗိုလ်ချုပ်ရဲ့ အသိုက်ကို ဖောက်ခွဲပစ်လိုက်တော့ "

ဝမ်ချင်းလင်က ကျိရုန်အား နန်းချန်အပြင်ဘက်၌ ကားရပ်ဖို့ ပြောလိုက်ပြီး အထဲဝင်ခွင့် မပေးပေ။

ကျိရုန်က ခေါင်းကုတ်ကာ‌ အော်ပြောလိုက်သည် "ငါ ကူညီပေးနိုင်တယ် "

ဝမ်ချင်းလင် " မင်း ကားထဲမှာနေတာ အကူအညီအရဆုံးပဲ "

ဇွန်ဘီဒီရေနှင့် ယှဉ်နိုင်သည့် ဇွန်ဘီတပ်ကြီးအတွင်း လူသားတစ်ဦး ဝင်ရောနေလျှင် ပြန်တိုက်ဖို့ အချိန်ရှိလိုက်မည် မဟုတ်ပေ။

ကျိရုန် " .... "

ဝမ်ချင်းလင်က နန်းချန်ထဲ ရောက်လာသည့်အခါ ဇွန်ဘီအော်သံ ထုတ်လွှင့်လိုက်သည်။ ဇွန်ဘီယဉ် အခြေစိုက်စခန်းကို ဝိုင်းအမဲဖျက်နေကြသည့် ဇွန်ဘီများက ရပ်တန့်သွားကြ၏။ ဝမ်ချင်းလင်က မြို့တံတိုင်းထဲ ဝင်လာသည့်အခါ စုတ်ပြတ်နေသည့် စခန်းကို ကြည့်ပြီး ဒေါသက အဆုံးအစွန်အထိ မြင့်တက်သွားသည်။

ဝမ်ချင်းလင် " ဂါး ... "

ညီအစ်မနှစ်ယောက်နှင့် သွေးအလောင်းကောင်က ဝမ်ချင်းလင်နား ရောက်လာကြသည်။ သူတို့သုံးယောက်လုံးက မျက်နှာပူကာ ရှက်ရွံ့နေကြသည်။ သူတို့ကတိကို ဖြည့်ဆည်းနိုင်ရန် ဝမ်ချင်းလင်အတွက် စခန်းကို စောင့်ကြပ်ပေးခဲ့ကြသည်။ သူတို့လည်း အားများစွာ စိုက်ထုတ်ထားခဲ့ရ၏။

သွေးအလောင်းကောင်၏ အဝတ်များက စုတ်ပြဲနေကာ နဂိုအနေအထား ရောက်အောင် ရိုက်နှက်ခံထားရသည်။ ဗိုလ်ချုပ်က ရူးသွပ်လွန်းလှသည်။ သူတို့ ပြန်လာပြီး သိပ်မကြာခင် ဇွန်ဘီတပ်ကို လွှတ်ကာ ဝမ်ချန်အခြေစိုက်စခန်းကို ဖျက်စီးခိုင်းခဲ့သည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now