အခန်း (၂၁)
ရှောင်ဟန်က ပြောလိုက်သည်
“ မင်း အဲဒါကို ဘယ်ကနေ ရခဲ့တာလဲ”ဖန်ကျန်းက ပြောလိုက်သည် “ စွန့်ပစ်စက်ရုံထဲမှာ တွေ့ခဲ့တာ”
ကျိရုန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ အပြင်ဘက်မှာ ဇွန်ဘီတွေအများကြီးရှိတဲ့ စွန့်ပစ်စက်ရုံလား”ဖန်ကျန်းက ပြောလိုက်သည်
“ အဲဒါ အဲဒီမှာလေ”ရှောင်ဟန်တို့လေးယောက် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့ ဇွန်ဘီများ လိုက်ခံရစဉ်က စက်ရုံသို့ သွားခဲ့ပြီး ထိုနေရာတွင် ဝမ်ချင်းလင်ကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ဇွန်ဘီဗိုင်းရပ်စ်ကို ကုသနိုင်မဲ့အရာ တစ်ခုခုရှိမယ်လို့တောင် ထင်မထားခဲ့ဘူး
ဖန်ကျန်းက ပြောလိုက်သည်
“ အခု ငါ သိတာ အကုန်လုံး ပြောပြီးပြီဆိုတော့ ငါ့ကို လွှတ်ပေးလို့ ရပြီလား”ရှောင်ဟန်က သေနတ်ဖြင့် ချိန်ကာ ပြောလိုက်သည်
“ သွေးထုတ်ဖို့ ဒီကိုလာခဲ့”ဖန်ကျန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။
ရှောင်ဟန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ မင်း အပေါ်မှာ မူတည်တယ်။ ပူးပေါင်းမလား အသေခံမလား”ရွေးချယ်စရာကို မလိုဘူး။ ဖန်ကျန်းက ရိုရိုကျိုးကျိုး ပူးပေါင်းလိုက်ရတယ်
ရှောင်ဟန်က ဆေးသေတ္တာ ထုတ်ကာ ရှစ်ချုံးက အထူးသွေးသိုလှောင်အိတ်ကို ထုတ်ယူကာ ဖန်ချန်း၏ သွေးသုံးအိတ်ကို ထုတ်ယူပြီး သူတို့ကို လွှတ်ပေးလိုက်သည်။
သွေးသိုလှောင်အိတ်ထဲတွင် သွေးကျဲဆေး ပါဝင်ပစ္စည်းများနှင့် အာဟာရရှိသော ဖော်မြူလာတို့ ပါဝင်သည်။ သွေးသိုလှောင်အိတ်က အချိန်ကြာရှည်စွာ သိမ်းဆည်းထားလို့ မရသည့်အတွက် စစ်ဆေးဖို့အတွက် အခြေစိုက်စခန်းသို့ တတ်နိုင်သမျှ မြန်မြန် ပြန်ရမည်ဖြစ်သည်။
ရှောင်ဟန်က သွေးအိတ်ကို ရေခဲသေတ္တာထဲသို့ ထည့်ကာ ရှစ်ချုံးနှင့် ဟယ်လင်းဆီသို့ လက်ကမ်းပေးလိုက်သည်။ သူတို့က သွေးအိတ်ကို စောင့်ရှောက်ပြီး ဟယ်လီကော်ပတာနှင့်အတူ အခြေစိုက်စခန်းသို့ တတ်နိုင်သမျှ မြန်မြန် သွားမည် ဖြစ်သည်။ ဟယ်လင်းနှင့် ကျိရုန်တို့က နေခဲ့ပြီး ဝမ်ချင်းလင်ကို စိုက်ကြည့်နေသည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်