အခန်း (၈) : လူလေးယောက်
ဝမ်ချင်းလင်က အရင်တစ်ခါ ကြိုးစားခဲ့ဖူးသောကြောင့် အစေ့မှ ကြီးထွားလာသော သွေးအနီမိုနီသည် ဇွန်ဘီ၏ လူသားသွင်ပြင်နှင့် အသိစိတ်တို့ကို ပြန်လည် မထိန်းသိမ်းပေးနိုင်ကြောင်း သိထားသည်။ သူ့သွေးဖြင့် ကြီးထွားလာသည့် သွေးအနီမိုသာ ထိုသက်ရောက်မှုမျိုး ရှိလေသည်။
ဆေးခန်းအတွက် စီးပွားရေးက စိတ်ပျက်ဖွယ်အတိ ဖြစ်နေသည်။ ဝမ်ချင်းလင်က အတော်အတန် အားယားနေ၍ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ ရင်ထိတ်သည်းဖို မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
သားသတ်သမား နှစ်ယောက်နှင့် လူလေးယောက်ကြားမှ တိုက်ပွဲ ဖြစ်၏။
သူတို့က အသားထူသည့် သားသတ်သမားများနှင့် ရင်ဆိုင်နေကြသော်လည်း လေးယောက်လုံးက နည်းနည်းလေးမှ နောက်ကောက်ကျ ကျန်မနေပေ။ ဝမ်ချင်းလင်က ထိုအကြောင်းအရင်းကို သိပ်မကြာခင် သိလိုက်ရ၏။
ထိုလေးယောက်အနက် သုံးယောက်မှာ စွမ်းရည်ပိုင်ရှင်များ ဖြစ်ပြီး မီးစွမ်းအင်ပိုင်ရှင်က မီးလုံးကြီးများကို ထုတ်ကာ ပစ်လွှတ်နေသောကြောင့် ဆက်တိုက် ပေါက်ကွဲထွက်သွားစေသည်။ နောက်တစ်ယောက်က လေစွမ်းအင်ပိုင်ရှင် ဖြစ်ပြီး လေတောင်ပံများဖြင့် နေရာတစ်ဝိုက် ပျံသန်းနေသည်။
နောက်စွမ်းရည်ပိုင်ရှင်မှာ မြေဓာတ်စွမ်းအင်ပိုင်ရှင် ဖြစ်ပြီး သားသတ်သမား၏ နေရာအနီးတစ်ဝိုက်အား ရွံ့အဖြစ် ပြောင်းကာ ခြေထောက်များအား နှစ်ဝင်သွားစေသည်။ သားသတ်သမား၏ နဂိုနှေးကွေးသော တုံ့ပြန်မှုများပါ ထည့်ပေါင်းလိုက်လျှင် သားသတ်သမားအနေနှင့် စဉ့်နီတုံးပေါ်မှ အသားတုံးလို ဖြစ်လာရသည်။
နောက်ဆုံးတစ်ယောက်က ထူးထူးခြားခြား စွမ်းရည် အသုံးပြုမနေပေ။ သူက စွမ်းရည်ပိုင်ရှင် ဟုတ်လား၊ မဟုတ်လား မသေမချာ ဖြစ်စေ၏။ သို့သော်လည်း သူက တခြားသုံးယောက်ထက် ပိုခက်ထန်နေသည်။
သူ့တွင် ပိတုန်းရောင် ဆံပင်၊ မဟူရာမျက်ဝန်းတို့ကို ပိုင်ဆိုင်ထားပြီး အေးစက်စက် အမူအယာမျိုး ရှိနေသည်။ သားသတ်သမား၏ ပုဆိန်ကြားမှ လျှောတိုက်ဝင်သွားပြီး သားသတ်သမား၏ ဗိုက်ကို တစ်ချက်တည်းဖြင့် ခွဲချပစ်လိုက်သည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်