အခန်း(၉၃)

3.2K 539 4
                                    


အခန်း (၉၃)

ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့ ရှန်းရှန့်ပြည်နယ်အလယ်ကို ရောက်လာသည့်အခါ လူများစွာ ရှိနေလေပြီ။ အားလုံးက စိတ်လှုပ်ရှားနေသောကြောင့် နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်နေကြ၏။

ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့ ရောက်လာသည်ကို မြင်ကာ ဆူညံသံအားလုံး ငြိမ်ကျသွားလေသည်။

မြို့လယ်ခေါင်၌ လူများစွာ စုဝေးနေကြပြီး အဝေးမှ လူများကလည်း ကံကောင်းမှု သူတို့ဆီ ကျရောက်လာဖို့ မျှော်လင့်ချက်ဖြင့် အမြန်ဆုံးနှုန်းနှင့် လာနေကြသည်။ သူတို့က ကာကွယ်ဆေးထိုးခံရသူများကြား ကံကောင်းသူ ဖြစ်သွားနိုင်လေသည်။

အားလုံးကို ခေါ်လိုက်သည့် ရည်ရွယ်ချက်ကို အသိပေးထားပြီးပြီ ဖြစ်၍ အားလုံးက ဝမ်ချင်းလင်နှင့် ရှောင်ဟန်ကိုသာ မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။

ဝမ်ချင်းလင်က မျက်ခုံးပင့်ကြည့်ကာ "သတင်းဖြန့်နှုန်းက အရမ်းမြန်တာပဲ "

ရှောင်ဟန်က အလေးအနက် မျက်နှာထားဖြင့် " အားလုံးက ဆေးကို ပထမဆုံး စမ်းသပ်ခံရမဲ့လူ ဖြစ်ချင်နေကြတာ "

ဝမ်ချင်းလင်အတွက် အသံလှိုင်း စွမ်းရည်ပိုင်ရှင်တစ်ယောက် စီစဉ်ပေးသော်လည်း ဝမ်ချင်းလင်က ငြင်းလိုက်သည်။

ဖြေဆေးက သုံးခု ကျန်ရှိသေး၏။ ဝမ်ချင်းလင်က ကူးစက်ခံလူနာများထဲ စင်ပေါ် ကိုယ်တိုင်ထွက်လာသည့်အခါမှ ရွေးချယ်မည် ဖြစ်၏။

လာရောက်သူအားလုံး တိတ်ဆိတ်သွားကာ မည်သူမှ စင်ပေါ် တက်မလာကြပေ။

ဝမ်ချင်းလင်က အောက်ရှိ လူများကို ကြည့်ကာ လက်ရှိလူများသည် အလောင်းခွေးနှင့် တိုက်ခိုက်ရာမှ ဒဏ်ရာရထားသည့် လူခုနှစ်ယောက်မှလွဲ၍ ကျန်လူများက ကူးစက်မခံရကြောင်း တွေ့လိုက်ရသည်။

ဇွန်ဘီအပြည့်ကမ္ဘာကြီးထဲ၌ တစ်ချိန်လုံး ကူးစက်လူနာ အမြောက်အများ ရှိခဲ့သည်။ ရှန်းရှန့်စခန်းတွင် မရှိကြပေ။ ဝမ်ချင်းလင်က ရှန်းရှန့်ပြည်နယ်ထဲမှ ဇွန်ဘီများကို ရှင်းပေးလိုက်ပြီ ဖြစ်ရာ ယခင် ကူးစက်ခံလူများက ဇွန်ဘီ ဖြစ်မလာကြပေ။ ကူးပြောင်းမလာခင် အသတ်ခံတာမျိုး ဒါမှမဟုတ် စခန်းမှ ထွက်သွားတာမျိုး ပြုလုပ်ကြ၏။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now