အခန်း(၁၃၁)

2.1K 351 1
                                    


အခန်း (၁၃၁)

သွေးအလောင်းကောင်ကို ချိတ်ဆွဲထားသည်မှာ သုံးရက် ရှိသွားလေပြီ။ သူက ဗိုက်ဆာနေရုံမှအပ ကောင်းကောင်းမွန်မွန် အသက်ရှင်လျက် ရှိသေး၏။

ယွမ်ချန်းက လူသားဖြစ်သောကြောင့် သွေးအလောင်းကောင်လိုမျိုး ခံနိုင်ရည် မရှိပေ။ ထို့အပြင် သူက ဒဏ်ရာရထားသည့်အတွက် ရက်ပိုင်းသာ ခံနိုင်လောက်သည်။

ဝမ်ချင်းလင်၏ စိတ်စွမ်းအားက သွေးအလောင်းကောင်ဆီ ရောက်သွားပြီး နိုးလိုက်သည်။ သွေးအလောင်းကောင်က သူ့ဝမ်းကွဲ ချိတ်ဆွဲခံထားရသည်ကို မြင်သည့်အခါ ချက်ချင်းဆိုသလို အားယုတ်သွားသည်။ သူ လုပ်ခဲ့သမျှ ပြန်တွေးသည့်အခါ သူ့ဝမ်းကွဲကို ခေါ်ကာ ထွက်ပြေးသင့်ကြောင်း ခံစားမိလိုက်သည်။ ထိုအခါမှ ဝမ်ချင်းလင် လက်မှ လွတ်မြောက်လိမ့်မည်။ မဟုတ်ပါက အရှင်လတ်လတ် အရေခွာခံရလိမ့်မည်။

ဝမ်ချင်းလင်က ယွဲ့ရှန့်ဆီ ကိုယ်တိုင်သွားကာ စိတ်ညို့ခံထားရသူများအား ကူညီပေးခဲ့သည်။ ထို့နောက် သူက ရှန်းရှန့်ဆီ သွားကာ လင်မယားနှစ်ယောက် ကွဲသွားပြီလား သွားကြည့်ခဲ့သေးသည်။

စိတ်စွမ်းအား ထုတ်လွှင့်ကာ အရာအားလုံးကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ပေးလိုက်သည်။ ရက်ပိုင်းကြာအောင် စကားများနေကြသည့် ချန်းပိုဟိန်နှင့် ဝမ်ချူးတို့လည်း စိတ်ရောကိုယ်ပါ ပင်ပန်းနေကြပြီ ဖြစ်၏။ ချန်းပိုဟိန်ကို ဝမ်ချင်းလင်ကို ဧည့်ခံဖို့ အချိန်မရှိပေ။ သူ့ကောင်မလေးကိုသာ ယခု မချော့လျှင် တစ်သက်လုံး လူပျိုကြီးအဖြစ် နေသွားရလိမ့်မည်။

ဝမ်ချင်းလင်က သူတို့ကို စိတ်ထဲမထားဘဲ လော့ဖုန်းကြွယ်နှင့် မီယန်တို့ကို သွားတွေ့လိုက်သည်။

ဝမ်ချင်းလင် ရောက်လာသည့်အခါ လော့ဖုန်းကြွယ်နှင့် လော့ကျစ်တို့က သစ်သားပြားများဖြင့် မီယန်အတွက် အခန်းငယ်လေး လုပ်ပေးဖို့ ကြိုးစားနေကြသည်။

ဖြေဆေးနှင့် ကာကွယ်ဆေး သတင်းထွက်သွားကတည်းက အသက်ရှင်ကျန်သူများစွာက နေ့တိုင်း ရောက်လာကာ အိမ်များလည်း ပြွတ်ကျပ်နေပြီ ဖြစ်၏။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now