အခန်း(၁၂၁)

2.3K 339 6
                                    


အခန်း (၁၂၁)

ရှောင်ဟန်က နယ်မြေ(၃)ကို ကိုင်တွယ်ပေးနေပြီး အဆင့်မြင့် အရာရှိအားလုံးက အရေးပေါ် အစည်းအဝေးအတွက် ရောက်လာကြသည်။ ရှောင်ဟန်က ရုတ်ချည်း ထရပ်ကာ ပြတင်းပေါက်ဘက် လျှောက်သွားလိုက်သည်။ သူက ဝမ်ချင်းလင်ဆီမှ ထုတ်လွှင့်နေသည့် အဆင့်မြင့် ဇွန်ဘီဖိအားကို ခံစားမိလိုက်၏။

ဝမ်ချင်းလင်က ဖိအားကို အလွယ်တကူ ထုတ်လွှင့်လေ့မရှိပေ။ သူ အန္တရာယ်ကျရောက်နေတာမျိုး ဒါမှမဟုတ် ဒေါသထွက်သည့်အခါမှသာ ထုတ်လွှင့်လိုက်ခြင်း ဖြစ်၏။ အလယ်ပိုင်း ဧရာမမြို့တော်အတွင်း ဝမ်ချင်းလင်ကို အန္တရာယ်ကြား ကျရောက်နေသည်ဟု ခံစားရအောင် ပြုလုပ်နိုင်မည့်လူ ရှိမည် မထင်ပေ။ ဖြစ်နိုင်ခြေ တစ်ခုတည်းကား ဒေါသထွက်၍သာ ဖြစ်လိမ့်မည်။

ခံစားချက်မဲ့နေသည့် သူ့ဇွန်ဘီလေး ဒေါသထွက်လာအောင် လုပ်နိုင်သည်မှာ ထိုလူက အတော်အတန် အရည်အချင်း ရှိပေသည်။

ဝမ်ချင်းလင် ဒေါသထွက်လာသည့်အခါ သူ တန်ပြန်ခံစားရလိမ့်မည်။

ရှောင်ဟန်က ပြောလိုက်သည် " ကျွန်တော် အပြင်သွားလိုက်ဦးမယ် ... "

ဗိုလ်ချုပ်ရှောင်က မကျေမနပ်ဖြင့် " မင်း ဘယ်သွားဦးမှာတုန်း။ အခုအချိန် နယ်မြေ(၁)ကို ရှင်းဖို့ရာထက် ဘာဟာက ပိုအရေးကြီးမှာလဲ "

ရှောင်ဟန် " အခုကိစ္စက နယ်မြေ(၁)ထက် အများကြီး ပိုအရေးကြီးတယ်"

ရှောင်ဟန်က ပြတင်းပေါက်တွင် ရပ်ကာ အဝတ်အစားများ ဝတ်ထားသည့် ကွေ့ပေါင်(၂)ကို လှည့်ကြည့်လိုက်သည် " ရှောင်အာ ဒီမှာနေပြီး လူအိုကြီးရှောင်ကို အဖော်ပြုပေးလိုက် "

ရှောင်ဟန်က စကားအဆုံးတွင် ဗိုလ်ချုပ်ရှောင် ဒေါသထွက်လာဖို့ပင် မစောင့်တော့ဘဲ ပြတင်းပေါက်ပေါ်မှ ခုန်ဆင်းလိုက်သည်။

အဆင့်မြင့် အရာရှိအားလုံးက သေလောက်အောင် ကြောက်လန့်သွားကြပြီး ရှောင်ဟန်တစ်ယောက် အမှောင်ထုထဲ ပျောက်ကွယ်သွားသည်ကို မြန်မြန် သွားကြည့်လိုက်ကြ၏။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now