အခန်း(၉၇)

3K 507 3
                                    


အခန်း (၉၇)

ဝမ်ချန်မြို့ ကိစ္စတွေကို စီစဉ်လိုက်ပြီးနောက် ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့ ထွက်သွားကြသည်။

သန္ဓေပြောင်း ဇွန်ဘီများက လုထျန်းကျင့်နောက် လိုက်လာကြသည်။ သုံးယောက်သား ပေါ့ပေါးပါးပါး သွားသောကြောင့် ကားတစ်စီးတည်းဖြင့် လုံလောက်၏။

ရှောင်ဟန်က နေရာလွတ်ကို ရှင်းကာ အစားအစာအားလုံးကို ဝမ်ချန်မြို့ထဲ ထားပေးခဲ့သည်။ ဝမ်ချင်းလင်က အရေးပေါ်အတွက် သူ့လေဟာနယ်ထဲ လက်နက်များစွာ သိုလှောင်ထားခိုင်းသေးသည်။

သုံးယောက်လုံး တစ်ယောက်မှ လူသား မဟုတ်ကြပေ။ အားလုံး မြောက်စူးစူးဆီ သွားကြစဉ် ခရီးက ချောမွေ့နေသောကြောင့် ဝေးဝေးရောက်လာလေလေ ရှောင်ဟန်က ပိုမို မသေချာလေလေ ဖြစ်လာသည် "ငါတို့ မှားမသွားဘူးဆိုတာ သေချာရဲ့လား "

လုထျန်းကျင့်က မီးခိုးဖျော့ မျက်ဝန်းအစုံဖြင့် အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။ " ဟုတ်တယ်။ ရှေ့ဆက်သွားရမှာ "

ဝမ်ချင်းလင်က လမ်းဘေးရှုခင်းတွေကို ကြည့်လိုက်ပြီးနောက် ရှောင်ဟန်ကို ကြည့်လိုက်ပြီး မေးလိုက်သည် "ဘာဖြစ်လို့လဲ "

ရှောင်ဟန်က ပြန်မဖြေချင်ပေ။ အကယ်၍ လုထျန်းကျင့် ပြောသည်က အမှန်ဖြစ်နေလျှင် ကိစ္စများက အမှန်တကယ် ဆိုးရွားတော့မည်။

"ရှေ့ကိုတည့်တည့်သွားရင် အလယ်ပိုင်း ဧရာမမြို့တော်ပဲ"

တကယ်လို့ ရှုရှန်ဖေးက အလယ်ပိုင်း ဧရာမမြို့တော်ထဲ ရောက်သွားရင် အခုလက်ရှိ မြို့က ဘယ်လိုဖြစ်နေမလဲဆိုတာကို မတွေးရဲစရာပဲ

"ကောင်းတယ် " ဝမ်ချင်းလင်က သူ့စိတ်ထဲမှ ပုံရိပ်များကို ပြန်လည် သတိရလိုက်သည်။

အကယ်၍ ရှုရှန်ဖေးသာ မြို့ထဲမှာရှိနေလျှင် သူမကတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ လူသားတွေပဲ ဖြစ်ကုန်မှာ ...

မင်းက တိုက်ခိုက်ရေးမှာ စိတ်နှစ်ထားသင့်တာ မဟုတ်ဘူးလား ...

ဝမ်ချင်းလင်က ရှောင်ဟန် ပြောဖူးသည့် အလယ်ပိုင်း ဧရာမမြို့တော်ကို သူ အဆင့်တက်စဉ်အတွင်း လူဦးရေ သန်းတစ်ရာကျော်ရှိသည့်အကြောင်း အတည်ပြုနိုင်ခဲ့သည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now