အခန်း(၆၅)

4.4K 797 20
                                    

တန်ဆောင်တိုင် လက်ဆောင်အနေနဲ့ တစ်ပိုင်းပိုတင်ပေးထားတယ်နော်


အခန်း (၆၅)

ရှောင်ဟန်က လော့ကျစ်ကို ကာကွယ်စောင့်ရှောက်ရင်း အကိုက်ခံထားရသည့် အသက်ရှင်ကျန်သူများက မြေပေါ် ရုန်းကန်ပြီး သိပ်မကြာခင် ပြန်ထလာကာ သူများကို ထပ်ကိုက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသည်။ ကူးစက်နှုန်းက အရမ်းမြန်ဆန်ပြီး ဇွန်ဘီဗိုင်းရပ်ထက်ပင် ပိုမြန်လေသည်။

ရှောင်ဟန်လည်း အံ့ဩနေမိသည်။ သူက တိတ်တဆိတ် လေ့လာနေလေ၏။ လူတစ်ယောက် အကိုက်ခံပြီးနောက် ထလာပြီး သူများကို ပြန်ကိုက်နိုင်ဖို့ ငါးစက္ကန့်သာ လိုအပ်သည်။ ဒီလိုမျိုး မြန်နှုန်းမြင့် ကူးစက်နှုန်းက ကြောက်ဖို့ကောင်းလှသည်။

သို့သော်လည်း ရှောင်ဟန်က မူမမှန်မှုများကို တွေ့လိုက်ရသည်။ ကူးစက်ခံလူများက တောင့်တင်းနေပြီး ကူးစက်မခံရသည့် လူများက ပျော့ပျောင်းကြသည်။ သူတို့က အုတ်ဂူထဲမှ ထွက်လာသည့် အလောင်းကောင်သဖွယ် ဖြစ်နေသော်လည်း ပြေးနိုင် ခုန်နိုင်ပြီး လူများကို ကိုက်ပစ်ကြသည်။

ရှောင်ဟန်က လက်ထဲ သေနတ်ဖြင့် လူသားစား မကောင်းဆိုးဝါးများကို ပစ်ချနေသည်။ သူက လော့ကျစ်ကို ကြိုးဖြင့် ချည်ထားသည့် ဖုန်းဟွေ့အား ကူဆွဲခိုင်းလိုက်သည်။ ထို့နောက် ဂိတ်ပေါက်တစ်လျှောက် ထွက်လာလိုက်သည်။ ရှောင်ဟန်က လမ်းတစ်လျှောက်လုံး သတ်လာလေ၏။

ဂိတ်ပေါက်နား ရောက်သည့်အခါ ရှောင်ဟန်က ဝမ်ချင်းလင်၏ ဇွန်ဘီအော်သံကို ကြားလိုက်ရသည်။ သူက လူသားဖြစ်နေတုန်းက ဇွန်ဘီအော်သံအမျိုးမျိုး၏ အဓိပ္ပါယ်ကို နားမလည်ခဲ့သော်လည်း ဇွန်ဘီ ဖြစ်လာပြီးနောက် အော်သံအမျိုးမျိုးဖြင့် ဆက်သွယ်နားလည်လာနိုင်လေပြီ။

ဝမ်ချင်းလင်က နန်းယန်မြို့မှ ဇွန်ဘီများကို ခေါ်နေခြင်း ဖြစ်၏။ သူက နန်းယန်အခြေစိုက်စခန်းမှ မည်သူကိုမှ ထွက်သွားခွင့် မပြုပေ။ လူသားဖြစ်စေ၊ မကောင်းဆိုးဝါး ဖြစ်စေ သူတို့ ဒီနေရာမှာပဲ နေရမည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now