အခန်း (၅၂)
ရှောင်ဟန်က သူ့နောက်မှ လိုက်သွားကာ ကားဘေးတွင် ရပ်နေပြီး ကျိရုန် ဓာတ်ဆီဖြည့်နေတာကို ကြည့်နေသော်လည်း သူ့ အာရုံက မလှမ်းမကမ်းရှိ ဝမ်ချင်းလင်နှင့် ယန်မုန့်ယွီတို့အပေါ်သာ ကျရောက်နေသည်။
ယန်မုန့်ယွီက ပြောလိုက်သည်
" နင်က အခု ဘယ်အခြေစိုက်စခန်းမှာလဲ"
ဝမ်ချင်းလင်က ပြောလိုက်သည်
"ဝမ်ချန် အခြေစိုက်စခန်းမှာလေ"
ယန်မုန့်ယွီက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
" ငါ အရင်တုန်းက ဒီအခြေစိုက်စခန်းကို မကြားဖူးဘူး။ အဲဒါ ဘယ်မှာလဲ"
ဝမ်ချင်းလင်က ပြောလိုက်သည်
" လင်းချန်မှာ"
ယန်မုန့်ယွီက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်
" အဲဒီမှာ အဆင့်၈ သန္ဓေပြောင်း ဗိုလ်ချုပ် ရှိနေပြီးတော့ မိုင်တစ်ရာအတွင်း ဘာသက်ရှိမှ မရှိဘူးလို့ ကြားထားတယ်။ အဲဒါကို ဘာလို့ နင်ရဲ့ အခြေစိုက်စခန်းက လင်းချန်မှာ ရှိနေရသေးတာလဲ"
ဝမ်ချင်းလင်က ပြောလိုက်သည်
" အော်...အဲဒီ ဗိုလ်ချုပ် ထွက်သွားပြီလေ။ အခု လင်းချန်က ငါတို့အတွက် လုံခြုံတယ်"
ယန်မုန့်ယွီက တွေဝေစွာဖြင့် ပြောလိုက်သည်
" မိတ်ဆွေအချင်းချင်းပဲဆိုတော့ ငါတို့ကို မင်းရဲ့ အခြေစိုက်စခန်းဆီ ခေါ်သွားပြီး မိတ်ဆက်ပေးနိုင်မလား။ ငါတို့ အခြေချစရာနေရာမရှိရင် ဘယ်မှ သွားလို့ မရဘူး။ အပြင်မှာပဲ နေနေရင် ဇွန်ဘီတွေရဲ့ အစာဖြစ်သွားလိမ့်မယ်"
ဝမ်ချင်းလင်က ပြောလိုက်သည်
" ငါ လုပ်မပေးနိုင်ဘူး"
ယန်မုန့်ယွီ "..."
ယန်မုန့်ယွီက တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူမ ထပ်ပြီး ဖျောင်းဖျကြည့်လိုက်သည်
" ငါတို့ဆီမှာ စွမ်းရည်ပိုင်ဆိုင်တဲ့သူတွေလည်း ရှိပါတယ်။ မင်းကို ဒုက္ခရောက်အောင် လုပ်မဲ့သူတွေ မဟုတ်ပါဘူး။ ငါတို့ကို ကူညီပေးနိုင်မလား"
ESTÁS LEYENDO
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Accióneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်