အခန်း(110)

3K 422 3
                                    


အခန်း (၁၁၀)

လုထျန်းကျင့်က အချိန်ဖြုန်းမနေတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်

" ရှုရှန်ဖေး ရွေ့လျားနေတာကို ငါ ခံစားလို့ရတယ်။ သူမက မြောက်ဖက်ကို ဦးတည်သွားနေတာ။ မြို့ကနေတောင် ထွက်သွားလောက်ပြီ"

သူက သူ့ဘာသာသူ နံရံကိုပင် မတက်နိုင်ပေ။ ဇွန်ဘီတစ်ကောင်အနေဖြင့် အရမ်းရှက်ဖို့ကောင်းသည်ဟု ခံစားမိသည်။

ဝမ်ချင်းလင်က ပြောလိုက်သည်

" မင်း ကမ္ဘာကြီး အဆုံးသတ်သွားတဲ့အထိ အဲလိုပဲ ပြေးလိုက်နေတော့မှာလား

လုထျန်းကျင့် "..."

ဝမ်ချင်းလင်၏ အကြည့်ထဲမှ ရွံရှာမှုကို မြင်လိုက်ရသည့်အခါ လုထျန်းကျင့်က ကိုယ့်ကိုယ်ကို ကာကွယ်သည့်အနေဖြင့် ပြောလိုက်သည်

" ငါ့အတွက် ဒီလိုလှုပ်ရှားဖို့က မလွယ်ကူဘူး"

ဝမ်ချင်းလင်က ပြောလိုက်သည်

" မင်းမှာ အနံ့ပြင်းပြင်းရှိတယ်ဆိုတာတော့ သိသေးတယ်ပေါ့"

လုထျန်းကျင့် "..."

ငါက ဇွန်ဘီတစ်ကောင်လေ။ အနံ့ပြင်းတာ ငါ့အမှားလား

လုထျန်းကျင့်က ခဏတာ တွေဝေပြီးနောက် ပြောလိုက်သည်

" ချင်းလင် ငါ..."

ဝမ်ချင်းလင်က ဖြတ်ပြောလိုက်သည်

" မရဘူး"

လုထျန်းကျင့် "..."

ဝမ်ချင်းလင်က ပြောလိုက်သည်

" မင်းက လူတွေကို စားပြီးပြီ။ သူတို့က ကောင်းတဲ့သူတွေ မဟုတ်ရင်တောင် စားတာက စားတာပဲလေ"

လုထျန်းကျင့်က အနက်ရောင်ဝတ်ရုံထဲရှိ ပိန်ကပ်နေသော လက်ကို ဖြည်းဖြည်းချင်း ဆုပ်ရင်း ပြောလိုက်သည်

" မင်း ကယ်ခဲ့တဲ့ ဇွန်ဘီတွေလည်း အသားနဲ့ သွေးတွေ စားထားမှာပဲလေ။ ဘယ်လိုအချက်တွေကြောင့် သူတို့ကို ကယ်ဖြစ်သွားတာလဲ"

ဝမ်ချင်းလင်က သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်

" အသိစိတ်ရှိတဲ့ အမဲလိုက်ခြင်းက အသိစိတ် မရှိတဲ့ အမဲလိုက်ခြင်းနဲ့ တူတယ်လို့များ မင်းက ထင်နေတာလား"

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now