အခန်း (၁၇)

6.3K 1.1K 9
                                    

အခန်း (၁၇)

ရှောင်ဟန်က နားလည်ရခက်သည့် လေဟာနယ် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ဝမ်ချင်းလင်က သူ့ကို လုံးဝ တားမြစ်နိုင်ခြင်း မရှိပေ။

ချန်းပိုဟိန်၏ စကားလုံးများအရ ရှောင်ဟန်က ဇွန်ဘီမြို့တော်၏ အလယ်ဗဟိုကို တွေ့အောင် ရှာဖို့အတွက် မတူညီသော နေရာများတွင် ထွက်ပေါ်လာသည်ဟု သိရသည်။

သူ တစ်ဖန်ပြန်လည်ထွက်ပေါ်လာသည့်အခါ သူ အံ့ဩသွားသည်။

မင်းရှေ့မှာ သစ်သားမြို့တော်တစ်ခု ရှိနေတယ်
ဘယ်သူက ဇွန်ဘီတွေ ပြည့်နှက်နေတဲ့ ဇွန်ဘီမြို့တော်တစ်ခုထဲမှာ ဘယ်သူက အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်မှာလဲ

ဒါ မဖြစ်နိုင်ဘူးလေ

ရှောင်ဟန်က နေရာမှ ပျောက်ကွယ်သွားကာ ပြန်လည်ထွက်ပေါ်လာသည့်အခါ မြို့တံတိုင်းပေါ်တွင် မတ်တပ်ရပ်နေပြီ ဖြစ်သည်။

မြို့ထဲရှိ အခြေအနေကို ကြည့်ပြီးနောက် သူ လုံးဝ ကြောင်အသွားသည်။ မြို့တော်က အင်မတန် သန့်ရှင်ပြီး ဇွန်ဘီတစ်ကောင်မှ မရှိဘဲ အထဲရှိ လူများ အရမ်းသက်တောင့်သက်သာ ဖြစ်လှသည်ကို သူတို့၏ အေးဆေးသော ခြေလှမ်းများနှင့် စကားပြောဆိုမှုများမှတစ်ဆင့် သိရှိနိုင်သည်။

လူတချို့က အပင်စိုက်ရန်အတွက် မြက်များကို ရိတ်နေကြသည်။ တချို့က ပျက်စီးနေသော အဆောက်အအုံများကို ပြန်လည်ပြင်ဆင်ကာ တချို့က ပျက်စီးနေသော နေရာများကို ပြုပြင်နေကြသည်။ နံရံများကိုလည်း ထုံးများ၊ သုတ်ဆေးများဖြင့် ပြန်လည်မွမ်းမံနေကြသည်။

လျှပ်စစ်ပညာရှင်များက ကေဘယ်လ်ကြိုးများကို သွယ်တန်းနေကြသည်။ လျှပ်စစ်ကို အသုံးပြုလို့ရသွားပြီး ကလေးများက ပြေးလွှားကစားနေကြသည်။ သူတို့၏ လက်ထဲတွင် ချက်ပြုတ်ထားသော အသားများကို ကိုင်ဆောင်စားသုံးနေကြပြီး အရမ်းပျော်ရွှင်နေပုံပေါ်သည်။

ထိုသူများက ပျော်ရွှင်သည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ သူတို့၏ မျက်နှာထားက မပြောင်းလဲပေ။ သူတို့ စိတ်ကောင်းဝင်နေသည်ကို သူတို့၏ အကြည့်များ၊ လမ်းလျှောက်ပုံနှင့် စကားပြောဆိုပုံကိုကြည့်ပြီး သက်သေပြနိုင်သော်လည်း ပျော်ရွှင်သော မျက်နှာထားကိုတော့ မတွေ့ရပေ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now