အခန်း(၅၀)

4.8K 840 23
                                    


အခန်း (၅၀)

ရှောက်ဖေး၏ ပုပ်ဆွေးနှုန်းက သာမန်ဇွန်ဘီများထက် ပိုမိုပြင်းထန်သည်။ သို့သော် သူ့မျက်လုံးများက အရမ်းကြည်လင်နေသည်။

ဝမ်ချင်းလင်က မေးလိုက်သည်

" ဘယ်လိုလဲ"

ရှောက်ဖေးက သူ၏ ပုပ်နေသော လက်များကို ငုံ့ကြည့်ကာ အသံဩဩဖြင့် ပြောလိုက်သည်

" ငါက လူသားတစ်ယောက် မဟုတ်တော့ဘူးလား"

ဝမ်ချင်းလင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

" မင်းက ပုပ်နေပေမဲ့ အသိစိတ်ရှိတဲ့ ဇွန်ဘီပဲ။ မင်းရဲ့ အသွင်ပြောင်းနှုန်းက အရမ်းမြန်တယ်။ သုံးမိနစ်ပဲ ကြာတယ်"

ရှောက်ဖေး "..."

ဝမ်ချင်းလင်က ပြောလိုက်သည်

" မင်းရဲ့ ခွန်အားကို စမ်းသပ်ကြည့်ပါဦး"

ရှောက်ဖေးက နားလည်စွာဖြင့် မေးလိုက်သည်

" ဘယ်လို စမ်းသပ်ကြည့်ရမှာလဲ"

အဆင့် ၃ သန္ဓေပြောင်းခန္ဓာ၏ ခွန်အား ဖြစ်သည့်အတွက် ဝမ်ချင်းလင်က အဆင့်၃ သန္ဓေပြောင်းဇွန်ဘီကို ရှောက်ဖေးဆီသို့ ပစ်ပေးကာ တိုက်ခိုက်ခိုင်းသည်။

အဆင့် ၃ သန္ဓေပြောင်း မုဆိုးက လျင်မြန်ပြီး ချွန်ထက်သော လက်သည်းများကို ပိုင်ဆိုင်ထားသည်။ ရှောက်ဖေးက ယခင်က စမ်းသပ်လေ့လာသူ လက်ထောက် တစ်ယောက်သာ ဖြစ်ဖူးသည့်အတွက် တိုက်ပွဲအတွေ့အကြုံလုံးဝ မရှိပေ။ သူသာ မုဆိုးတစ်ယောက်နှင့် တိုက်ခိုက်ရမည်ဆိုပါက သူ သေချာပေါက် သေသွားနိုင်သည်။

ဝမ်ချင်းလင်က ရှောက်ဖေး ရှောင်ရှားနေစဉ် ခွန်အားအဆင့်ကို အကဲဖြတ်နေသည်။ ရှောက်ဖေး လည်ပင်းမကျိုးခင် ဝမ်ချင်းလင်က ရပ်ခိုင်းလိုက်ပြီး မုဆိုးကို ထွက်သွားခိုင်းလိုက်သည်။

ဇွန်ဘီယဉ်များမှ အသွင်ပြောင်းပေးလိုက်သော လူသားများက ဇွန်ဘီယဉ်အစစ်များထက် အဆင့်နှစ်ဆင့် နိမ့်သည်။ ဇွန်ဘီယဉ်များ ကိုက်ခြင်းကို ခံရသော လူသားများက သန္ဓေပြောင်းဇွန်ဘီများ၏ ခွန်အားကို တိုက်ရိုက်ပိုင်ဆိုင်သွားကာ ကိုယ်ပိုင်အသိစိတ်နှင့် ဘာသာစကားစွမ်းရည်ကိုပါ ရရှိသွားသည်။ ထိုအကြောင်းကိုသာ လူသားများ သိသွားပါက သူတို့တည်ရှိခွင့် ရှိမည် မဟုတ်ပေ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now