အခန်း (၇၆)
သူလျှိုဇွန်ဘီများကို ရှင်းလင်းပြီးနောက် ဝမ်ချင်းလင် အပျင်းထူမနေတော့ဘဲ လင်းချန်မြို့ကို အကြိမ်ကြိမ် ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည့်အခါ သံသယဝင်စရာကောင်းသော ဇွန်ဘီများကို မတွေ့ရတော့သည့်အတွက် သူ စိတ်အေးသွားမိသည်။
ရှောင်ဟန်တို့ ပြန်လာမှာကို စောင့်နေရင်း ဝမ်ချင်းလင်က သွေးအနီမိုနီများ ထပ်ရပြီး ထိုအရာများကို ဇွန်ဘီရိုင်းများဆီ ရောင်းချဖို့နှင့် ဇွန်ဘီယဉ်အုပ်စုကို ပိုမို အားကောင်းစေရန်အတွက် အသုံးချဖို့ အသင့်ဖြစ်နေလေပြီ။ ယခု ဝမ်ချန်မြို့တော်က စတင်ကြီးထွားလာပြီ ဖြစ်သည့်အတွက် နေထိုင်သူ လူဦးရေ ပိုမိုများပြားလာဖို့ လိုအပ်သည်။
ဝမ်ချင်းလင်က ရှောင်ဟန်တို့အတွက် အချိန်သတ်မှတ်ပေးထားသည့်အတွက် ရှောင်ဟန်တို့က မရပ်မနား ခရီးနှင်လာသည်။ ကားတစ်စီးဖြင့် ထွက်သွားသော သူများက ငါးရက်မြောက်နေ့ မနက်တွင် လင်းချန်သို့ ကားနှစ်စီးဖြင့် ရောက်ရှိလာသည်။ ကားတစ်စီးတွင် ဇွန်ဘီတစ်ကောင် ပါဝင်နေသောကြောင့် ရှောင်ဟန်က ကျိရုန်တို့ကို မြို့အပြင်မှာ စောင့်ခိုင်းခဲ့ကာ သူတစ်ယောက်တည်း မြို့ထဲသို့ ကားမောင်းဝင်လာသည်။
လေးရက်အတွင်းမှာပင် ဗဟိုမြို့နှင့် အတွင်းပိုင်းမြို့ကို စီစဉ်တည်ဆောက်ခြင်းက အခြေခံအားဖြင့် ပြီးစီးသွားပြီဖြစ်သည့်အတွက် ဇွန်ဘီယဉ်တချို့က ပြောင်းရွှေ့နေထိုင်နေကြပြီ ဖြစ်သော်လည်း ဇွန်ဘီယဉ်အများစုက ဇွန်ဘီယဉ် အခြေစိုက်စခန်းမှာသာ ရှိနေဆဲဖြစ်သည်။
ရှောင်ဟန်က ဆေးခန်းရှိရာသို့ တိုက်ရိုက်မောင်းလာသည့်အခါ ဝမ်ချင်းလင်က တစ်စုံတစ်ခုကို တွေးတောနေပုံဖြင့် လက်ထဲရှိ ဘောပင်ကို လှည့်နေသည်ကို တွေ့လိုက်ရသည်။
ရှောင်ဟန် ကားပေါ်မှ ဆင်းဆင်းချင်း သွေးနံ့ပြင်းပြင်းကို အနံ့ရလိုက်သည်။ သူက ဆေးခန်းကို ကြည့်လိုက်သည့်အခါ ကျန်းလန်နှင့် ဝမ်ကျန်းတို့၏ အသံများကို ကြားလိုက်ရပြီး သွေးအနီမိုနီကြီးများ လှီးဖြတ်နေသည်ကို တွေ့လိုက်ရသည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်