အခန်း (၈၈)
ဝမ်ချင်းလင် လင်းချန်မြို့ကို ပြန်ရောက်သည့်အခါ မှောင်နေပြီဖြစ်သည်။ သူက လှည့်လည်ကြည့်ရှုလိုက်သည့်အခါ လင်းချန်မြို့အပြင်ပတ်လည် ယေဘုယျအားဖြင့် ဆောက်လုပ်မှု ပြီးစီးနေပြီ ဖြစ်၏။ သူ ပြန်ရောက်သည်နှင့် မနားဘဲ အလယ်ပိုင်းမြို့၏ တံတိုင်းကို ဆောက်လိုက်သည်။ အလယ်ပိုင်းမြို့တံတိုင်းက ၁၅မီတာ မြင့်ပြီး အချင်းဝက်က အတွင်းပိုင်းမြို့နှင့် ဗဟိုမြို့ထက် ပိုကြီးသည်။
တစ်ညတာ အနားယူပြီးနောက် နောက်တစ်နေ့ နေ့လည်တွင် သစ်သားဓာတ်စွမ်းရည် အသုံးပြုခြင်းက ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။ ဝမ်ချင်းလင်က အပြင်ဘက်မြို့တံတိုင်းကိုလည်း တစ်ခါတည်း တည်ဆောက်လိုက်သည်။ အပြင်ဘက် မြို့တံတိုင်းများ၏ လေးဖက်လေးတန်ရှိ ဂိတ်များကိုလည်း သေချာ ခိုင်ခံ့စွာ တည်ဆောက်လိုက်သည်။ ထိုဂိတ်များက ဝမ်ချန်မြို့တော်၏ ခံတပ်တံတိုင်းသဖွယ် ဖြစ်လာမည် ဖြစ်သည့်အတွက် ပေါ့ဆလို့ မရနိုင်ပေ။
ဝမ်ချင်းလင်က သစ်သားဓာတ်စွမ်းရည် အားလုံးနီးပါးကို အပြင်ဘက်မြို့တံတိုင်း တည်ဆောက်ရာတွင် အသုံးပြုလိုက်သည်။ အတိုင်းအတာနှင့် ကြီးကျယ်ခမ်းနားမှုက ဇွန်ဘီယဉ်များအားလုံးကို အံ့ဩမှင်သက်သွားစေသည်။
အပြင်ဘက် မြို့တံတိုင်းသာမက ဝမ်ချင်းလင်က ကြက်ခြေခတ် အတွင်းပိုင်းမြို့တံတိုင်းကို အသုံးပြုပြီး ဝမ်ချန်ကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟု လေးပိုင်းခွဲလိုက်သည်။ ဗဟိုမြို့တွင် အရပ်မျက်နှာ ခွဲခြားထားခြင်းမရှိဘဲ အတွင်းပိုင်းမြို့၊ အလယ်ပိုင်းမြို့နှင့် အပြင်ဘက်ပိုင်းမြို့တို့ကိုတော့ အပိုင်းလေးပိုင်း ခွဲလိုက်သည်။ ဥပမာအားဖြင့် အတွင်းပိုင်းမြို့ကို အရှေ့ဘက် အတွင်းပိုင်းမြို့၊ အနောက်ဘက် အတွင်းပိုင်းမြို့၊ တောင်ဘက် အတွင်းမြို့နှင့် မြောက်ဘက် အတွင်းပိုင်းမြို့ဟူ၍ ဖြစ်သည်။ မြို့ဦးတည်ရာ တစ်ခုချင်းစီတွင် မြို့တံတိုင်း တစ်ခုချင်းစီ ရှိပြီး အဘက်ဘက်မှ နေထိုင်သူများကို အတူတူ ရောနှောနေထိုင်ခြင်းမှ ကာကွယ်ထားသည်။
ŞİMDİ OKUDUĞUN
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Aksiyoneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်