အခန်း(၅၄)

4.5K 850 7
                                    


အခန်း (၅၄)

သူတို့ ရောက်ရှိသွားသည့်အတွက် တံခါးဝတွင် တိုက်ပွဲတစ်ခု ဖြစ်ခါနီးဖြစ်နေပြီး သန္ဓေပြောင်းနွားက မြေပြင်ပေါ်တွင် လဲလျောင်းနေကာ မြေပြင်ပေါ်တွင် သွေးများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။

ဝမ့်ပေါ်က လက်ထဲတွင် သေနတ်ကိုင်ထားသော သူတစ်ယောက်ကို သေနတ်ဖြင့် ချိန်ထားလိုက်သည်။

မော့ကျင်းက သူတို့ကို မြင်သည့်အခါ စိတ်အနှောင့်အယှက်ဖြစ်သွားမိသည်။

ထိုလူများက အခြေစိုက်စခန်းထဲမှ လူများဖြစ်သော်လည်း မြို့ငယ်လေးမှ လူမိုက်များ ဖြစ်ကြသည်။ သူတို့က အပြင်မှ လာသောသူများနှင့် တည့်အောင် နေလေ့ မရှိပေ။

မော့ကျင်းက ငယ်ရွယ်ပြီး စွမ်းအားကြီးသည့်အတွက် ပြင်ပမှ ရောက်ရှိလာသော အသက်ရှင်သူများ၏ ခေါင်းဆောင်များအတွက် ခေါင်းဆောင်ဟုပင် သတ်မှတ်နိုင်သည်။ သူ့ ကိစ္စဖြစ်သည့်အတွက် တိုက်ခိုက်ရမည် ဖြစ်သည်။

မော့ကျင်းက ပြောလိုက်သည်

"ဟယ်စန်း မင်း ဘာတွေလုပ်နေတာလဲ"

ဟယ်စန်းက အစကတည်းက မြို့ငယ်လေး၏ လူမိုက်တစ်ယောက် ဖြစ်သည်။ သူက တစ်နေ့လုံး သောက်စားပျော်ပါးရင်းသာ အချိန်ကုန်လေ့ ရှိသည်။ ကာစီနို အလုပ်ဖြင့် အသက်မွေးပြီး သူ့လိုလူမျိုးနှင့်သာ အပေါင်းအသင်း လုပ်သည်။ ငြိမ်းချမ်းသော အချိန်များတုန်းက နာမည်မကြီးသော်လည်း ကမ္ဘာပျက်ကပ် ကျရောက်ပြီးနောက် သူတို့က အတော်လေး ချမ်းသာလာသည်။

ဟယ်စန်းက သေနတ်ကို လက်ထဲမှာ ကိုင်ထားရင်း မော့ကျင်းကို စိုက်ကြည့်ကာ မေးလိုက်သည်

" ကောင်လေး အပြင်ဘက်မှာရှိတဲ့ ကားနှစ်စီးရိက္ခာတွေက မင်းမိတ်ဆွေ ပိုင်တာလို့ ကြားထားတယ် ဟုတ်လား"

မော့ကျင်းက ဝမ်ချင်းလင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်

" ဟုတ်တယ် ဘာဖြစ်လို့လဲ"

ဟယ်စန်းက ရုတ်တရက် ဆူပူကြိမ်းမောင်းလိုက်သည်

" ဘာဖြစ်လဲ ဟုတ်လား။ မင်း ကန်းနေလား။ မြို့တစ်ခုလုံးနဲ့ မြို့နားမှာရှိတဲ့ ရိက္ခာတွေက ငါတို့ အခြေစိုက်စခန်းရဲ့ အပိုင်လေ။ သူတို့က ဘာတွေလဲ။ ငါတို့ အခြေစိုက်စခန်းဆီကနေ လာပြီး လုရဲတာလား။ အသက်မရှင်ချင်တော့ဘူး ထင်တယ်"

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Donde viven las historias. Descúbrelo ahora