အခန်း (26)

5.8K 1K 11
                                    


အခန်း (၂၆)

ကားများတန်းစီကာ အခြေစိုက်စခန်းထဲ ဝင်ဖို့အတွက် စောင့်ဆိုင်းနေကြသည်။

ဝမ်ချင်းလင်က ၈ မီတာလောက်မြင့်သော မြို့တံတိုင်းကို စိုက်ကြည့်ကာ လုံခြုံပုံပေါ်သည်ဟု ခံစားလိုက်ရသည်။

လင်းချန် အခြေစိုက်စခန်းက သူ၏ အခြေစိုက်စခန်းထက် အများကြီး ပိုကြီးသည်။ လင်းချန်မှ အသက်ရှင်ကျန်ရစ်သူများသာမက ကံကောင်းပြီး လွတ်မြောက်လာသူများလည်း ဤနေရာတွင် စုဝေးနေကြသည်။

လင်းချန် အခြေစိုက်စခန်းက အပြာရောင်နယ်မြေထဲတွင် တည်ရှိပြီး ကြီးမားသော ရှင်ကျန်သူ အခြေစိုက်စခန်း ဖြစ်သည်။ အဖမ်းခံရသည်နှင့် တစ်ပြိုင်နက် သေကြေပျက်စီးမှုများကို တိုင်းတာရမည် မဟုတ်ပေ။

သူ စိတ်စွမ်းအား ထုတ်လွှတ်လိုက်သည့်အခါ လင်းချန် အခြေစိုက်စခန်းတစ်ခုလုံး သူ့စိတ်စွမ်းအားများဖြင့် ဖုံးလွှမ်းသွားသည်။ မရေတွက်နိုင်သော ဆူညံသံများ သူ ကြားယောင်လာကာ မျက်နှာများစွာကိုလည်း မြင်နေရပြီးနောက် အမျိုးသမီးနှစ်ယောက်၏ မျက်နှာကို တွေ့သည့်အခါ ရပ်တန့်သွားသည်။

တွေ့ပြီ

“ ဘယ်မိတ်ဆွေတွေ လာလည်တာလဲ။ စိတ်စွမ်းအားကို သုံးပြီး မထောက်လှမ်းခင် ဆရာကို မေးကြည့်သင့်လား”

အမျိုးသားတစ်ယောက်၏ အသံက ရုတ်တရက် လင်းချန် အခြေစိုက်စခန်းတစ်ခုလုံးသို့ ဟိန်းထွက်သွားသည်။ ဆူညံသော လူထုက ရုတ်တရက် ငြိမ်ကျသွားပြီးနောက် ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

“ စိတ်စွမ်းအင် ရှိတဲ့သူ ထွက်ပေါ်လာတာလား”

“ ဒီနေရာမှာ စိတ်စွမ်းအင်ရှိတဲ့သူ အရမ်းရှားတယ်။ ငါတို့အခြေစိုက်စခန်းရဲ့ လက်ထောက် ခေါင်းဆောင်က စွမ်းအားကြီးတဲ့ စိတ်စွမ်းအင်ပိုင်ရှင် မဟုတ်လား”

“ ဒါက ဒုတိယ စိတ်စွမ်းရည်ပဲ”

“ စိတ်စွမ်းရည်ရှိတဲ့သူ ထွက်ပေါ်လာတာလား”

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now