အခန်း(၈၄)

3.8K 626 5
                                    


အခန်း (၈၄)

စွင်းရှစ်ကျဲက နျိုလျန့်ကော၏ သဘောထားကို ကြည့်ကာ လူတစ်ယောက်၊ နှစ်ယောက်အတွက် အခြေစိုက်စခန်းထဲရှိ လူများကို အပြင်ထွက်ခွင့် မပေးနိုင်ကြောင်းကို သိလိုက်သည်။ ထို့ကြောင့် စွင်းရှစ်ကျဲက စိတ်ပူစွာဖြင့် ပြောလိုက်သည်

" ခေါင်းဆောင် ဒီထက်ပိုပြီး ကြာကြာ စောင့်လို့မရတော့ဘူး"

နျိုလျန့်ကောက အလောတကြီး ပြောလိုက်သည်

"ရှစ်ကျဲ မင်းရဲ့ တူလေးက အပြင်က လူတွေနဲ့ တစ်ခုခု ပတ်သက်နေတာလား။ အဲလိုမှမဟုတ်ရင် သူတို့က လူဖမ်းဖို့အတွက် အခြေစိုက်စခန်းထဲကို စွန့်စားပြီး ဝင်လာမှာ မဟုတ်ဘူး"

စွင်းရှစ်ကျဲက ဒေါသထွက်စွာဖြင့် ပြောလိုက်သည်

" ခေါင်းဆောင် ကျွန်တော်ကို အဖွဲ့တစ်ဖွဲ့ပေးပါ။ သူတို့နောက်ကို လိုက်လိုက်ပါ့မယ်"

နျိုလျန့်ကောက လက်ယမ်းပြကာ ပြောလိုက်သည်

" မစိုးရိမ်နဲ့။ ဖန်ရှန်းလုံ ပြန်လာပြီးတော့ ပြောပြတာကို စောင့်လိုက်။ သူတို့ တကယ် ပြန်မလာတော့ဘူးဆိုရင်တောင် လူတွေကို ဆက်ပို့နေလို့ မရဘူး။ အဲဒါက ကိုယ့်သေတွင်းကို တူးတာပဲ။ လုံခြုံမှုက အရေးကြီးဆုံးပဲ။ စွန့်စားလို့ မရဘူး"

နျိုလျန့်ကောက ဖန်ကျန်းနှင့် မြောင်ပိုအတွက် တိုက်ခိုက်ပေးရမှာ မတန်ဘူးဟု ပြောထွက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ စွင်းရှစ်ကျဲက ဒေါသထွက်ပြီး သေနိုင်နေပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် လူတစ်ယောက်က အလောတကြီး ပြေးလာကာ ပြောလိုက်သည်

" မကောင်းတော့ဘူး။ ပြဿနာအကြီးကြီး ဖြစ်သွားပြီ"

နျိုလျန့်ကောက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်

" ဘာလို့ အရမ်းကြောက်ရွံ့တုန်လှုပ်နေတာလဲ။ ဖြည်းဖြည်းချင်း ပြောကြည့်"

ကြောက်ရွံ့တုန်လှုပ်နေသောသူက ပြောလိုက်သည်

" စားစရာတွေ ...မရှိတော့ဘူး"

နျိုလျန့်ကောက စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Dove le storie prendono vita. Scoprilo ora