အခန်း(၁၂၇)

2.1K 358 2
                                    


အခန်း (၁၂၇)

မြင့်မြင့် မောင်းပြီး အဝေးကို ကြည့်လိုက်ပါ ...

ရဟတ်ယာဉ်အများကြီး ပျံသန်းလာသောကြောင့် ဝမ်ချန်ရှိ လူများက သတိမထားမိဘဲ နေဖို့ မဖြစ်နိုင်ပေ။

ဝမ်ချန်က ချက်ချင်း အလန့်တကြား ဖြစ်သွားကာ ဝမ်ချန်ရှိ ဇွန်ဘီယဉ်အားလုံးက အလုပ်ရပ်လိုက်ကြပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ အဆင့်မြင့် ဇွန်ဘီယဉ်တစ်ချို့က ခုန်ကာ ရဟတ်ယာဉ်အား ဆွဲချဖို့ ကြံနေကြသေးသည်။

ကျိရုန်၊ ဟယ်လင်းနှင့် ရှစ်ချုံးတို့က တစ်ခုခု လွဲမှားနေကြောင်း သိ၍ မြို့တံတိုင်းဆီ သွားကာ အခြေအနေကို လေ့လာခဲ့ကြသည်။

ထိုရဟတ်ယာဉ်အရောင်များက ရင်းနှီးလွန်းနေလေရာ သူတို့ မကြာခဏ အသုံးပြုခဲ့ဖူးသည့် ရဟတ်ယာဉ်များ မဟုတ်ပါလော။

ရဟတ်ယာဉ်များကို ကာကွယ်ဖို့ ဝမ်ချင်းလင်၏ အသံက ဇွန်ဘီယဉ်တို့ နားထဲ ပေါ်ထွက်လာသည်။

" မစိုးရိမ်ကြနဲ့။ သူတို့က ငါတို့ဆီ ရဟတ်ယာဉ် ပို့ပေးလိုက်တာ "

ဇွန်ဘီယဉ်များက မြို့အရှင်၏ အသံကို ကြားလိုက်ရသည့်အခါ သတိလျော့လိုက်ကြပြီး ရဟတ်ယာဉ်များကို လျစ်လျူရှုကာ အလုပ်သာ ဆက်လုပ်နေလိုက်ကြသည်။

ကျိရုန်တို့ သုံးယောက်လည်း ထိုစကားများ ကြားသည့်အခါ ကြောင်အမ်းသွားကြသည်။

ဝမ်ချင်းလင်အနားတွင် ထိုင်နေသည့် ရှောင်ဟန်က မေးလိုက်၏ "မင်း ဘယ်လောက်လိုချင်လဲ "

ဝမ်ချင်းလင် " အလယ်ပိုင်း ဧရာမမြို့တော်မှာ ဘယ်လောက်ရှိတာလဲ "

ရှောင်ဟန်က နယ်မြေ(၃)ထဲ မည်မျှရှိမှန်း သိထားသော်လည်း တခြားနယ်မြေများကိုမူ မသိချေ။

ဝမ်ချင်းလင် "စုစုပေါင်းရဲ့ တစ်ဝက် လိုချင်တယ် "

ရှောင်ဟန် "ကောင်းပြီလေ။ ကိုယ် သူတို့ကို ပြောလိုက်မယ် "

သဘောတူတာအပြင် သူ ဘာများပြောနိုင်မည်နည်း။

ဝမ်ချန်ဆီ ရောက်လာသည့် ရဟတ်ယာဉ်ပေါ်မှ ဗိုလ်ချုပ်လေးယောက်နှင့် အဆင့်မြင့် အရာရှိများက သူတို့မျက်လုံးကို မယုံနိုင်လောက်အောင်အထိ အံ့ဩနေကြသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Nơi câu chuyện tồn tại. Hãy khám phá bây giờ