အခန်း (၁၄၅)
လဝက်ကြာပြီးနောက် ဖုန်းချန် ဒဏ်ရာများ သက်သာသွားသည့်အခါ ဝမ်ချန်မြို့သို့ တစ်ယောက်တည်း ရောက်လာခဲ့သည်။ သူက အပြင်ဘက်ပိုင်း မြို့တံတိုင်းပေါ်တွင် မတ်တပ်ရပ်နေပြီး မြို့ထဲ မဝင်ပေ။
တစ်စုံတစ်ယောက်၏ ပိုင်နက်ထဲ တိတ်တဆိတ် ဝင်ရောက်ခြင်းက ကျူးကျော်ခြင်းဟု သတ်မှတ်နိုင်သည်။ ထုံက သူတို့လက်ထဲမှာ ရှိနေသည့်အတွက် ဖုန်းချန်အနေဖြင့် လက်လွတ်စပယ် မပြုရဲပေ။ သူက စကားပြောဖို့သာ တစ်ယောက်တည်း လာခဲ့ခြင်း ဖြစ်သည်။ သူက လူခေါ်ဖို့သာ လာခဲ့ပြီး တိုက်ခိုက်ဖို့၊ လက်စားချေဖို့ လာခဲ့ခြင်း မဟုတ်ပေ။
ထုံနှင့် ထိုလူက အရမ်းတူနေသည့်အတွက် မတိုက်ခိုက်နိုင်ပေ။ သူတို့ သေချာညှိနှိုင်းပြီး ထုံကိုသာ ပြန်ပေးပါက သူ့ကို ဘုရင်ဖြစ်တာ နောက်ကျအောင် လုပ်သွားသည့် အမုန်းတရားကို လက်လွှတ်လိုက်တော့မည်။
ဖုန်းချန်၏ အရှိန်အဝါကို ခံစားမိပြီး ကောင်လေးက အရမ်းစိတ်လှုပ်ရှားနေမိသည်။ သူ လဝက်လောက် ရိုရိုကျိုးကျိုးနေပြီးနောက် ဖုန်းချန်က သူ့ကို လာခေါ်နေပြီ ဖြစ်၏။
ကောင်လေးက ရှောင်ဟန် ကတိတည်ပါစေဟု မျှော်လင့်ရင်း တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ဖုန်းချန် ရောက်လာပြီဆိုတာကို သိသည့်အတွက် ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့ ထိုကောင်လေး ရှိသောနေရာသို့ ရောက်ရှိလာသည်။ ဝမ်ချင်းလင် သူ့ကို ကြည့်ပြီး ဒေါသပင် မထွက်နိုင်တော့ပေ။ သူ တကယ် သဘောကျလားဆိုတာကို သူ မဆုံးဖြတ်နိုင်တော့ပေ။
ဖုန်းချန်က ကောင်လေးအပေါ် အရမ်းကောင်းလို့သာ ကောင်လေးက သူ့ကို အရမ်းစွဲလမ်းနေတာ ဖြစ်ရမယ်
ရှောင်ဟန်က ဝမ်ချင်းလင်နှင့် ထိုကောင်လေးကိုခေါ်ကာ မြို့တံတိုင်းပေါ် ရောက်လာသည်။
ဖုန်းချန်၏ အကြည့်က ထိုကောင်လေးပေါ်သို့ ရောက်သွားကာ ကောင်လေး ဒဏ်ရာရ၊ မရကို စစ်ဆေးနေသည်။ သူက သားပေါက်လေးကို ကာကွယ်သလို ဖြစ်နေသည့်အတွက် ဝမ်ချင်းလင်အနေနှင့် သူ့ကို ထပ်ပြီး ရိုက်နှက်ချင်နေမိသည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်