အခန်း (၇၇)
ဆရာကျူးကို စမ်းသပ်ခန်းသို့ ပို့ဆောင်နေစဉ် ဝမ်ချင်းလင်က ထိုကိစ္စကို သေချာစဉ်းစားနေသည်။
ရှောင်ဟန်က လူလေးယောက်ကို စမ်းသပ်ခန်းတွင် မြင်လိုက်ရသည့်အတွက် အမှန်တကယ် ကြောင်အသွားမိသည်။ သူ ဝမ်ချင်းလင်ကို ကြည့်လိုက်သည့်အခါ လူသားဆွေမျိုးများ ရောက်လာလျှင် ဘယ်လိုလုပ်ရမလဲဆိုတာ အကျပ်တွေ့နေသေးပုံ ရသည့်အတွက် သူ မနေနိုင်ဘဲ ဝမ်ချင်းလင်ကို ဆွဲဖက်လိုက်သည်။
ထိုအချိန်တုန်းက လူသားဘဝအပေါ် သူ၏ အသိအမှတ်မပြုမှုကို စဉ်းစားမိပြီးနောက် သူ့ရှေ့ရှိ မတ်တပ်ရပ်နေသော လူလေးယောက်ကို ကြည့်လိုက်သည့်အခါ ရှောင်ဟန် မရယ်ဘဲ မနေနိုင်တော့ပေ။ သူက သူ မြင်ဖူးသမျှထဲတွင် အကြင်နာတတ်ဆုံး ဇွန်ဘီလေး ဖြစ်သည်။
ဝမ်ချင်းလင်က သူ့ကို တွန်းထုတ်ကာ " ငါ့ကို လှောင်မနေနဲ့" ဆိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ရှောင်ဟန်က စိတ်ကောင်းဝင်နေဟန်ဖြင့် ပြောလိုက်သည်
" သူတို့ကို ဇွန်ဘီတွေဆီ ကျွေးပစ်မယ်လို့ ဘယ်သူ ပြောခဲ့တာပါလိမ့်"
ဝမ်ချင်းလင်က ပြောလိုက်သည်
" သူတို့ကို ဇွန်ဘီတွေဆီ မကျွေးပဲ ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ ရှိနေနိုင်မှာလဲ"
ရှောင်ဟန်က ပြောလိုက်သည်
" ဟုတ်တာပေါ့"
ဆရာကျူးက သူတို့လေးယောက်က ဆရာမုန့်၏ လက်ထောက် ဖြစ်သည်ကို ကြားပြီးပြီဖြစ်သည့်အတွက် ခေါင်းညိတ်ပြကာ ပြောလိုက်သည်
" သူက ဆရာမုန့်ရဲ့ လက်ထောက်ပဲဆိုတော့ ငါ့ရဲ့ စမ်းသပ်မှု အစီအစဉ်တွေမှာ ဆက်လက် ပါဝင်သင့်တယ်။ အခုထိ ရထားတဲ့ စမ်းသပ်မှုရလဒ်တွေကို ပြသပေး။ ပြီးမှ ဘာဆက်လုပ်ရမလဲ ဆုံးဖြတ်ရမယ်"
စမ်းသပ်သူ လက်ထောက်လေးယောက်က ဝမ်ချင်းလင်ရှေ့တွင် ဒူးထောက်ကျတော့မလို ဖြစ်သွားသည်။ သူတို့အနေဖြင့် ကျွမ်းကျင်သော ဗိုင်းရပ်စ် လေ့လာသူတစ်ယောက် ဦးဆောင်ဖို့ လိုအပ်ခဲ့သည်။ သို့သော် ဝမ်ချင်းလင်က သူတို့အတွက် ကျွမ်းကျင်သော စမ်းသပ်လေ့လာသူ တစ်ယောက်ကို ခေါ်လာပေးမည်ဟု သူတို့ ထင်မထားခဲ့ပေ။
ESTÁS LEYENDO
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Accióneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်