အခန်း(၁၃၄)

2.1K 363 3
                                    


အခန်း (၁၃၄)

နယ်မြေအသီးသီးမှ အဆင့်မြင့် အရာရှိများက အလျင်အမြန် ပြေးလာကာ မေးလိုက်ကြသည်

" အလျင်စလိုနဲ့ ဘာတွေဖြစ်နေကြတာလဲ"

ဗိုလ်ချုပ်ရှောင်က သူ့မျက်နှာထားကို ထိန်းချုပ်ဖို့အတွက် အကောင်းဆုံး ကြိုးစားလိုက်သည်။ သူက ဘာမှထိန်ချန်မထားဘဲ ရှောင်ဟန် မြင်ခဲ့သည့်အရာကို ပြောပြလိုက်သည်။

အားလုံး၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။ နိုင်ငံခြားမှ ဇွန်ဘီများ ဆင့်ခေါ်ခံရခြင်းအကြောင်းကို ထည့်မပြောသေးဘဲ တရုတ်မှ ဇွန်ဘီများအားလုံးကို စုစည်းလိုက်လျှင်ပင် အရမ်းကြောက်စရာကောင်းနေပြီ ဖြစ်သည်။

ထိုအရာက ဇွန်ဘီဒီရေလှိုင်းဟု ခေါ်ဆိုနိုင်သော ကပ်ဘေးတစ်ခု မဟုတ်တော့ပေ။

ယခု အရေးကြီးဆုံးအရာက အခြေအနေကို စုံစမ်းထောက်လှမ်းဖို့ပင် ဖြစ်သည်။ နိုင်ငံခြားမှ ဇွန်ဘီများကိုပါ ဆွဲငင်သလို ဖြစ်သွားပါက တရုတ်နိုင်ငံအတွက်သာမက အာရှတိုက်တစ်ခုလုံးနှင့် ကမ္ဘာကြီးအတွက်ပါ ကပ်ဘေးတစ်ခု ဖြစ်လာနိုင်သည်။

ကင်းထောက်လေယာဉ်က အလယ်ပိုင်းဧရာမမြို့တော်မှ ထွက်ခွာသွားကာ ဇွန်ဘီကပ်ဘေး၏ အရင်းအမြစ်ကို ရှာဖွေရန် နယ်စပ်များဆီသို့ ပျံသန်းသွားသည်။

အရေးပေါ် အမိန့်ကိုထုတ်ပြန်ပြီးနောက် ဘေးအန္တရာယ် စတင်ဖြစ်ပေါ်လာပြီဖြစ်သည်။

ဗိုလ်ချုပ်ရှောင် သူ့သား၏ တောင်းဆိုချက်ကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် အစည်းအဝေးခန်းမထဲတွင် ဆွေးနွေးမှုများက ပိုမို ဆူညံလာသည်။ ဆူညံသံက ဈေးတွင် ဈေးညှိသော အဒေါ်ကြီးထက် ပိုပြီး ကျယ်လောင်သည်။

ရှောင်ဟန်က ထိုအရာကို အေးစက်စက်သာ စိုက်ကြည့်နေသည်။

................

ဝမ်ချန်မြို့တော်

ကျိရုန်၊ ဟယ်လင်းနှင့် ရှစ်ချုံးတို့က တည်ကြည်သော မျက်နှာထားများဖြင့် မြို့တံတိုင်းပေါ်တွင် မတ်တပ်ရပ်နေကြသည်။ မြို့ပြင်တွင် ဇွန်ဘီများ နည်းသည်ထက် နည်းလာသည်။ သူတို့ကို တစ်စုံတစ်ခုက ဆွဲဆောင်နေသကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် ထွက်သွားသည့်အတွက် ဇွန်ဘီအရေအတွက်က ပိုမိုနည်းပါးလာသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed حيث تعيش القصص. اكتشف الآن