အခန်း(၁၄၁)

2.1K 346 2
                                    


အခန်း (၁၄၁)

လောင်ရွှယ် ပြန်ရောက်ရောက်လာချင်း ဗိုလ်ချုပ်ရှောင်အား ရှောင်ဟန်၏ ပြောင်းလဲသွားမှုကို ပြောပြလိုက်သည်။ ရှောင်ဟန်က ယခင်ကလိုမျိုး မဟုတ်တော့ဘဲ တခြားသူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။ ရက်စက်ပြီး ခံစားချက် ကင်းမဲ့နေသည်။

သူ ငယ်ငယ်ကတည်းက အရွယ်ရောက်သည်အထိ စောင့်ကြည့်လာသော လောင်ရွှယ်ကိုပင် လျစ်လျူရှုလာနိုင်သည်။

ဗိုလ်ချုပ်ရှောင်က အစည်းအဝေးခန်းထဲမှာ ညလယ်ခေါင်အထိ နေကာ ဘာမှားသွားလဲဆိုတာ ရှာဖွေဖော်ထုတ်လို့မရ ဖြစ်နေသည်။

ဗိုလ်ချုပ်ရှောင် စိတ်ထဲမှာတော့ အရမ်းဆိုးသည့် ခန့်မှန်းချက်တစ်ခု ရှိနေသည်။ ရှောင်ဟန် အနားယူဖို့ လျှောက်စဉ်က ပြောခဲ့သည့်စကားကို ဗိုလ်ချုပ်ရှောင် နားထဲတွင် ပြန်လည်ကြားယောင်နေသည်။

ရှောင်ဟန် ပြောခဲ့သည်က " ကျွန်တော်သာ ဇွန်ဘီ ဖြစ်သွားရင် အဖေ ကျွန်တော်ကို သတ်မှာလား" ဆိုသော စကား ဖြစ်၏။

သူ အဲဒီတုန်းက ဘယ်လိုဖြေခဲ့တာပါလိမ့်

ဗိုလ်ချုပ်ရှောင်က သူ ဘာပြောခဲ့လဲဆိုတာ ပြန်လည်စဉ်းစားဖို့ ကြိုးစားသော်လည်း ထိုကဲ့သို့ ငြီးငွေ့ဖွယ်ကောင်းသော မေးခွန်းအပေါ်တွင် အချိန်မကုန်ချင်ပေ။

ထိုအချိန်က ရှောင်ဟန်၏ မျက်နှာထားကို ဗိုလ်ချုပ်ရှောင် သေချာမှတ်မိနေဆဲ ဖြစ်သည်။

သူ အရမ်းကို အားမရှိတော့ပေ။

သူ အခုချိန်ထိ ကြိုးစားလာရတာတွေက ဘာအတွက်လဲ

သူ့မိန်းမကို ကာကွယ်ဖို့ ကျရှုံးခဲ့ပြီး သူ့သားကိုလည်း ကာကွယ်ဖို့ ကျရှုံးခဲ့သည်။ သူ လုပ်ခဲ့ရသည့် တာဝန်ယူမှုနှင့် ရိုးသားဖြောင့်မတ်မှုတို့က အရာအားလုံးကို ကြုံတွေ့ပြီးနောက် ဟာသတစ်ခုကဲ့သို့ ဖြစ်သွားသည်။

ကမ္ဘာပျက်ကပ် ကျရောက်ပြီးကတည်းက လူများနှင့် အရာများစွာ ပေါင်းလဲသွားခဲ့သည်။ ရင်းနှီးခဲ့သောသူများက သူတို့ ရင်းနှီးခဲ့သောသူများနှင့် မတူတော့သလို ရင်းနှီးခဲ့သော အရာများကလည်း ယခင်ကလိုမျိုး မဖြစ်တော့ပေ။ သူ စိတ်ရောကိုယ်ပါ အရမ်းပင်ပန်းနေသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now