အခန်း(၇၈)

4.1K 697 2
                                    


အခန်း (၇၈)

ဝမ်ချင်းလင်နှင့် ချန်းပိုဟိန်တို့ ဆွေးနွေးပြီးနောက် ဝမ်ချင်းလင်တို့ လင်းချန်ဆီ ပြန်ဖို့ စီစဉ်ကာ ထွက်သွားမလို့ လုပ်နေစဉ် ဦးလေးရှုန်းကို တွေ့လိုက်ရသည်။ သူက အရပ်ရှည် ကြံ့ခိုင်သူတစ်ယောက်ဖြစ်ပြီး ဝံပုလွေသုံးကောင်နှင့်အတူ အမြန်ပြန်လာသည်။ အားလုံးကလည်း သူ့အတွက် လမ်းဖယ်ပေးနေကြသည်။

ဦးလေးရှုန်း၏ မျက်နှာက မကောင်းဖြစ်နေပြီး သူ့ ခြေလှမ်းများကလည်း မြန်ဆန်နေလေ၏။ သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ဝမ်ချင်းလင်နှင့် အကြည့်ချင်းဆုံသွားသည်။ သူက ခဏကြောင်အသွားရာမှ တုံးအသော ဝက်ဝံတစ်ကောင်ကဲ့သို့ အလျင်အမြန် ပြေးလာကာ ပြောလိုက်သည်

" ဘော့စ် ဘယ်အချိန်တုန်းက ရောက်လာတာလဲဟင်။ ကျုပ်ကို ဘယ်သူမှလည်း အသိမပေးကြဘူး"

ဝမ်ချင်းလင်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်

" ခင်ဗျားကို တွေ့ဖို့ လာခဲ့တာ မဟုတ်ပါဘူး"

ဦးလေးရှုန်းက မရှက်ဘဲ မဲ့ပြုံးပြုံးကာ သူ့ ကတုံးကို ပွတ်ရင်း ပြောလိုက်သည်

" ဘော့စ်ကို မတွေ့ရတာ အတော်လေး ကြာနေပြီလေ။ ဘော့စ်က ကျုပ်တို့ ညီအစ်ကိုတွေကို မေ့သွားမှာ စိုးရိမ်လို့ပါ"

တကယ်ပဲ ဘယ်သူက ဒီအဖိုးကြီးတွေကို ဂရုစိုက်မှာလဲ

ဝမ်ချင်းလင်က မော့ကြည့်လိုက်သည့်အခါ မော့ကျင်းတို့အုပ်စုက သိပ်မနီးမဝေးတွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် ရပ်နေသောသူအားလုံးကလည်း နန်းယန်အခြေစိုက်စခန်းမှလူများ ဖြစ်ကြသည်။ ထိုမြင်ကွင်းကို ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့က ကိုယ့်ဘာသာကို အဖွဲ့ဖွဲ့ထားပြီး ရှန်းရှင်းအခြေစိုက်စခန်းနှင့် ဆက်ဆံရေး မကောင်းမွန်ပေ။

ဝမ်ချင်းလင် ရောက်နေသည်ဟု မော့ကျင်း ကြားသည့်အတွက် ဝမ်ချင်းလင်နှင့် စကားပြောရန် လာခဲ့ခြင်းဖြစ်သည်။ ဝမ်ချင်းလင်က သူ့ကို မြင်သွားပြီဖြစ်သည့်အတွက် မော့ကျင်းတို့လည်း မနေနိုင်တော့ဘဲ သူ့အနား ချဉ်းကပ်လာသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now