အခန်း (၁၁၂)
ဝမ်ချင်းလင်က အရပ်ရှည်ပြီး ကြံ့ခိုင်သော ဇွန်ဘီနှစ်ကောင်နှင့်အတူ အောက်ထပ်သို့ ဆင်းလာသည်။ အောက်ထပ်ရှိ ကားများထဲတွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသည့် စစ်ကားကို သူ ရွေးချယ်လိုက်သည်။
ဝမ်ချင်းလင်က နယ်မြေ(၆)မှ စစ်ကားကို စီးပြီးနောက် အတွေ့အကြုံတစ်ခု ရရှိခဲ့သည်။ အလယ်ပိုင်း ဧရာမမြို့တော်ရှိ စစ်ကားများကို နယ်မြေအလိုက် သင်္ကေတများ ခွဲထားသည်။ လိုင်စင်နံပါတ်ပြားပေါ်တွင် သင်္ကေတ လုပ်ထားခြင်းဖြင့် ထိုစစ်ကားက သူတို့နယ်မြေပိုင် စစ်ကား ဟုတ်၊ မဟုတ်ကို ချက်ချင်း ခွဲခြားနိုင်မည် ဖြစ်၏။
ဝမ်ချင်းလင်က ကားမောင်းနေပြီး ၂မီတာအမြင့်ရှိသည့် ဇွန်ဘီနှစ်ကောင်က မြေပြင်ပေါ်မှ ပြေးလိုက်နေကြသည်။ သူတို့၏ ဗိုက်အဆီကြောင့် အမဲလိုက်သူက ဖမ်းမိနိုင်သည့်အတွက် သူတို့ကို ဝိတ်ချခြင်း၏ အရေးပါပုံကို သင်ပြပေးနေသလိုဖြစ်နေသည်။
ဇွန်ဘီနှစ်ကောင် အမှီလိုက်နိုင်ဖို့အတွက် ဝမ်ချင်းလင် အရှိန်လျှော့ဖို့ လိုအပ်သည်။
ဝမ်ချင်းလင်က လုထျန်းကျင့်ကို ဆက်သွယ်ပြောဆိုလိုက်သည်
" အခြေအနေ ဘယ်လိုရှိလဲ"
လုထျန်းကျင့် နောက်ယောင်ခံလိုက်သွားစဉ် ဝမ်ချင်းလင်၏ အသံကို ရုတ်တရက် ကြားလိုက်ရသည့်အတွက် ထိုနေရာမှာတင် ကားမှောက်မလို ဖြစ်သွားသည်။
" ဆက်ပြီး လိုက်သွားနေပါတယ်။ သူတို့က မရပ်တန့်သွားသေးဘူး"
ဝမ်ချင်းလင်က မေးလိုက်သည်
" သူတို့က ဘယ်ကို သွားနေတာလဲ"
လုထျန်းကျင့်က ဖြေလိုက်သည်
" ငါ မသိဘူး။ သူတို့က အရှေ့ဖက်ကို သွားနေတာပဲ"
ဝမ်ချင်းလင်က ထပ်ပြောလို်ကသည်
" အရှေ့ဖက်လား။ သူတို့က သူတို့ဘာသာသူတို့ သတ်သေဖို့အတွက် ယွင်ကျင့်မြို့ကို သွားနေကြတာလား"
လုထျန်းကျင့် "..."
သူတို့ ဘာကြောင့် အရှေ့ဖက်သို့ သွားနေလဲဆိုတာကို မသိသော်လည်း သူတို့ကိုယ်သူတို့ အဆုံးစီရင်ဖို့ သွားနေတာ မဟုတ်မှန်းတော့ သေချာသည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်