အခန်း(၁၄၀)

2.1K 337 2
                                    


အခန်း (၁၄၀)

ကျိရုန်တို့သုံးယောက်က လောင်ရွှယ်ကို မြင်သည့်အခါ ထိတ်လန့်သွားကြသည်။ အတိတ်မှာ ဖြစ်ပေါ်ခဲ့သည့် အကျင့်ကို အချိန်ခဏလေးပေးရုံဖြင့် ပြောင်းလဲလို့ မရနိုင်ပေ။

လောင်ရွှယ်က သူတို့ကို စိုက်ကြည့်ပြီးနောက် ဝမ်ချင်းလင်ကို လက်ကမ်းပေးကာ အရင်ဆုံးစပြီး နှုတ်ဆက်လိုက်သည်

" မတွေ့ရတာကြာပြီနော် မြို့အရှင်ဝမ်"

သူက ရှောင်ဟန်၏ မိတ်ဆွေဟောင်းဆိုတာကို သိထားသည့်အတွက် ဝမ်ချင်းလင်က သူ့ကို မျက်နှာသာပေးကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

ဝမ်ချင်းလင်က လိုက်လာသော လူအုပ်စုကို ကြည့်ကာ ပြောလိုက်သည်

" ဗိုလ်မှူးချုပ်ရွှယ်က စုံစမ်းထောက်လှမ်းဖို့ လူတွေ ခေါ်လာတာလား"

လောင်ရွှယ်က သူ့ဘေးမှာရှိနေသော ရှောင်ဟန်ကို မျက်စိမှိတ်ပြလိုက်သည်။ ထိုအရာကို ရှောင်ဟန်က မြင်သော်လည်း လျစ်လျူရှုလိုက်သည်။

လောင်ရွှယ် "..."

လောင်ရွှယ်က သူ့ကိုယ်သူသာ ပြန်လည်လေးစားမှုထားကာ ပြောလိုက်သည်

" ရှောင်ဟန်က ပြန်မလာတော့ ကျုပ်က လာတွေ့တာပါ"

ဝမ်ချင်းလင်က အရမ်းစိတ်ဝင်စားစွာဖြင့် ပြောလိုက်သည်

" ဗိုလ်ချုပ်ရွှယ် နားလည်တာများ မှားနေတာလား။ ရှောင်ဟန်က အလယ်ပိုင်းဧရာမမြို့တော်က မဟုတ်ဘူးလေ။ ဘာတွေ ပြောနေတာလဲ"

လောင်ရွှယ်က ရှက်သွားသည့်အတွက် ရှောင်ဟန် သူ့အတွက် တစ်ခုခု ပြောပေးနိုင်မလားမျှော်လင့်ရင်း ကြည့်လိုက်သည့်အခါ ရှောင်ဟန်က ဘာမှမပြောပေ။

လောင်ရွှယ်က ဒေါသထွက်ခါနီးလေပြီ။ သူသာ ဒီတစ်ကြိမ် လာမကယ်ခဲ့ပါက သူ့အဖေ သူ့ခြေထောက်ချိုးတာကို တွေ့ရလိမ့်မည် ဖြစ်သည်။

ရှောင်ဟန်က နောက်မှလိုက်ပါလာသော လူအုပ်စုကိုသာ အာရုံစိုက်ထားသည့်အတွက် လောင်ရွှယ်၏ အသံကို လုံးဝ မကြားပေ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now