အခန်း (၈၃)
(ယွဲ့ရှန်းကို ယွဲ့ရှန့်လို့ ပြောင်းသုံးထားပါတယ်)
ဝမ်ချင်းလင်၏ စိတ်စွမ်းအားက မြောင်ပိုနောက် လိုက်ပါသွားသည်။ ယွဲ့ရှန့်အခြေစိုက်စခန်းက ယွဲ့ရှန့်(မြို့)၏ အစွန်အဖျား တွင် ဖြစ်သည်။ ထိုနေရာတွင် ဇွန်ဘီများ မရှိသလောက်ဖြစ်သည်။ အခြေစိုက်စခန်းက ကုန်လှောင်ရုံ၏ ဘေးပတ်လည်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ယွဲ့ရှန့်ရှိလူများက ကုန်လှောင်ရုံထဲတွင် နေကြသည်။ အဆောက်အဦး၏ အစွန်အဖျားပေါ်တွင် မူလအဆောက်အဦးများ မရှိနိုင်တော့သည့်အတွက် သူတို့ဘာသာသူတို့ အိမ်များ ဆောက်ထားရသည်။ အခြေစိုက်စခန်းက လူများပြီး ရှုပ်ပွနေသည်။
မြောင်ပိုက အခြေစိုက်စခန်းထဲသို့ တစ်ယောက်ထဲ ပြန်လာသည့်အတွက် ဂိတ်တံခါးစောင့်က အံ့ဩသွားသည်။ သူ ပေးလိုက်သည့်အဖြေက အတူတူသွားသော ညီအစ်ကိုများမှာ ဇွန်ဘီအုပ်စုထဲတွင် ပိတ်မိနေသည့်အတွက် တပ်ကူလာခေါ်ခြင်းဖြစ်သည်ဟု ပြောလိုက်သည်။
မြောင်ပိုက ယွဲ့ရှန့်နယ်ခံတစ်ယောက် မဟုတ်သော်လည်း ယွဲ့ရှန့်အခြေစိုက်စခန်းတွင် စိတ်စွမ်းအားရှိသူက သူ တစ်ယောက်တည်းသာ ရှိသည့်အတွက် အခြေစိုက်စခန်းခေါင်းဆောင်က သူ့စွမ်းရည်ကို တန်ဖိုးထားသည်။
မြောင်ပိုက အခြေစိုက်စခန်းထဲသို့ ဝင်ရောက်ပြီးနောက် ကုန်လှောင်ရုံရှိသည့်နေရာသို့ တန်းသွားလိုက်သည်။ ထိုအရာက ဧရာမ ကုန်လှောင်ရုံကြီးဖြစ်ပြီး လူနေသည့် အခန်းငယ်လေးများ ဖွဲ့ထားသည်။
မြောင်ပိုက အခန်းငယ်လေးများရှေ့မှ ခြေသံလုံလုံဖြင့် လျှောက်သွားသည်။ အခန်းငယ်လေးများက ကျဉ်းပြီး ပြတင်းပေါက် မရှိပေ။ လေကောင်းလေသန့်ဝင်စေရန် တံခါးအားလုံးကို ဖွင့်ထားသည့်အတွက် အထဲရှိမြင်ကွင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သေချာ မြင်နိုင်သည်။
မြောင်ပိုက မီတာအနည်းငယ် ကျယ်ဝန်းသည့် အခန်းငယ်လေးရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ အခန်းထဲတွင် ရိုးရှင်းသည့် သစ်သားကုတင်လေးတစ်ခု ရှိသည်။ ကုတင်ပေါ်တွင် အပေါ်ပိုင်း အဝတ်မပါသော ယောက်ျားလေးယောက်က ဖဲကစားနေကြသည်။ ထိုအရာက အခြေစိုက်စခန်းရှိလူများ၏ နေ့စဉ်ဘဝ ဖြစ်သည်။ သူတို့က နေ့တိုင်း အခြေစိုက်စခန်းမှာ နေရသည့်အတွက် ပျင်းနေကြသည်။ အချိန်ကုန်ဆုံးဖို့အတွက် တစ်ခုခုကို ရှာလုပ်နေရသည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်