အခန်း(၉၀)

3.7K 599 13
                                    


အခန်း (၉၀)

ရှောင်ဟန်က ဝမ်ချင်းလင် ထွက်သွားသည်ကို မသိလိုက်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်ကို ရှာဖို့အတွက် ရှန်းရှန့်အခြေစိုက်စခန်းသို့ သွားဖို့ ပြင်နေသည့်အချိန်မှ အပြင်ဘက်ပိုင်းမြို့မှ ပြန်လာသည့် ဝမ်ချင်းလင်ကို တွေ့လိုက်ရသည်။

" အရမ်းမြန်မြန် ပြီးသွားတာလား" ရှောင်ဟန်က အံ့ဩစွာဖြင့် ပြောလိုက်သည်။

ချန်းပိုဟိန်က ရှန်းရှန့်ပြည်နယ်နှင့် ဝမ်ချန်ကြားတွင် စိုက်ပျိုးရေး နယ်မြေထူထောင်ဖို့အတွက် သဘောမတူတာမျိုး မရှိလောက်ပေ။ ဝမ်ချင်းလင်က ချန်းပိုဟိန်နှင့် အဲဒီအကြောင်းကို သေချာဆွေးနွေးမည်ဟု ထင်ခဲ့သည့်အတွက် ဝမ်ချင်းလင် စောစောပြန်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဝမ်ချင်းလင်က ပြောလိုက်သည်

" စကားနည်းနည်းပဲ ပြောခဲ့တာ။ သူတို့ မြို့တံတိုင်း ဆောက်တာကို ကူညီပေးစေချင်လား"

ရှောင်ဟန်က အံ့ဩစွာဖြင့် မေးလိုက်သည်

" မြို့တံတိုင်း ဆောက်မယ်ဟုတ်လား"

ဝမ်ချင်းလင်က ရှန်းရှန့်အခြေစိုက်စခန်းအကြောင်းအား ရှောင်ဟန်ကို သေချာအနှစ်ချုပ် ရှင်းပြလိုက်သည်။ အခြေစိုက်စခန်းတွင် လူများလာသည့်အတွက် သူတို့ကို ထိုနေရာတွင် မနေခိုင်းတော့ဘဲ ရှန်းရှန့်ပြည်နယ်ဆီသို့သာ ပြန်လည် ပြောင်းရွှေ့ခိုင်းလိုက်ကြောင်း ပြောပြသည်။

ရှောင်ဟန်ကို သူ့ကို အချိန်အကြာကြီး စိုက်ကြည့်နေသည့်အတွက် ဝမ်ချင်းလင်က နားမလည်စွာဖြင့် မေးလိုက်သည်

" မင်းက ဘာလို့ စိုက်ကြည့်နေတာလဲ"

ရှောင်ဟန်က စိတ်သက်သာရာရသော အပြုံးဖြင့် ပြောလိုက်သည်

" မင်းက အရင် ရှန်းရှန့်အခြေစိုက်စခန်းကို ကူညီမယ်လို့ ငါ ထင်မထားဘူး"

ဝမ်ချင်းလင်၏ မျက်နှာအမူအရာက ကင်းမဲ့နေဆဲဖြစ်သည်။

" ဘာလို့လဲဆိုတော့ သူတို့မှာ အမြုတေတွေ အများကြီး ရှိလို့လေ"

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now