အခန်း (၂၇)
ဝမ်ချင်းလင်က တခြားအမျိုးသမီး၏ နေရာကို သွားဖို့ အရှိန်မြှင့်လိုက်သော်လည်း ရုတ်တရက် လမ်းတစ်ဝက်မှာ ရပ်တန့်လိုက်သည်။
ရှောင်ဟန်က အရှိန်အပြည့်ဖြင့် သွားနေပြီး ကျိရုန်က နောက်မှ မရပ်မနားလိုက်လာသည်။ ဝမ်ချင်းလင်က ရုတ်တရက် ရပ်တန့်လိုက်သည့်အတွက် သူ့ကို ဝင်တိုက်မိတော့မလို ဖြစ်သွားသည်။
" မြို့အရှင်ဝမ် ... ရုတ်တရက် မရပ်လို့ ရမလား" ကျိရုန် ပင့်သက်ရှိုက်လိုက်မိသည်။
ဝမ်ချင်းလင်၏ တည်ငြိမ်သော မျက်နှာထားက ထိုနေရာမှာတင် အေးစက်သွားပြီး ကျောပိုးလွယ်အိတ်ကို ဖွင့်ကာ ပြောလိုက်သည်
"ကွေ့ပေါင် သွားတော့"
ကွေ့ပေါင်က စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်တွင် ခုန်နေကာ နူးညံ့သော အဝတ်အစားနှင့် ဦးထုပ်များ ဝတ်ဆင်ထားကာ ရှေ့သို့ အမြန် ပြေးသွားသည်။
သူတို့သုံးယောက် နောက်မှ လိုက်သွားကြသည်။
ကွေ့ပေါင်က မြေအောက် ကားပါကင်ထဲသို့ ဝင်သွားသည့်အခါ ဝမ်ချင်းလင်လည်း လိုက်ဝင်သွားသည်။ သူ မြေပြင်ပေါ်သို့ ခြေပြန်မချခင် အရိပ်တစ်ခုက သူ့ကို မြေပြင်ပေါ်သို့ တွန်းလွှတ်လိုက်သည်။ ရှောင်ဟန်က ဓားရှည်ကို ထုတ်ယူကာ ခုတ်လိုက်သော်လည်း အရိပ်က ရှောင်သွားသည်။
ရှောင်ဟန်က ဝမ်ချင်းလင်ကို မြေပြင်ပေါ်မှ ဆွဲထူလိုက်သည်။
ဝမ်ချင်းလင်က အရမ်းဒေါသထွက်နေသည်။ သူ ဇွန်ဘီ ဖြစ်လာပြီးကတည်းက ယခုလောက်ထိ တစ်ခါမှ စိတ်မတိုခဲ့ဖူးပေ။ သူ့သွေးနဲ့ ပျိုးထောင်ပေးခဲ့သော အရာ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူ လုံးဝ စော်ကားခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။
ရှောင်ဟန်က တစ်ချက်ကြည့်ပြီး ရပ်တန့်လိုက်သည်။
ကျိရုန်က အထဲသို့ ပြေးဝင်သွားသည့်အခါ သူ့ရှေ့ရှိ အခြေအနေကြောင့် ကြောင်အသွားသည်။
အထဲတွင် မတ်တပ်ရပ်နေသော ဇွန်ဘီများ တစ်ဒါဇင်ကျော် ရှိနေသည်။ ထိုဇွန်ဘီများက သူတို့မြင်ဖူးသော ဇွန်ဘီများနှင့် မတူပေ။ သူတို့ဆီမှာ ကြက်သွေးရောင် မျက်လုံးများရှိပြီး သူတို့၏ ခန္ဓာကိုယ်များက အကောင်းပကတိအတိုင်း ဖြစ်နေပြီး ပုပ်ဆွေးသည်က ရှားပါးသည်။ သူတို့၏ ခန္ဓာကိုယ်များက ပိန်လှီနေသည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်