အခန်း(၁၄၄)

2.4K 382 1
                                    


အခန်း (၁၄၄)

ဇွန်ဘီကပ်ဘေးလည်း နောက်ဆုတ်သွားလေသည်။ စစ်ကားတစ်စီးလည်း မိုးခိုနေပြီး သိပ်မဝေးသည့်နေရာတွင် ပါကင်ထိုးထားသည်။

ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့နှစ်ယောက်လုံး ဒဏ်ရာများရနေသော်လည်း နှစ်ယောက်လုံး၏ ကုစားနိုင်စွမ်းက အရမ်းကောင်းသည့်အတွက် ဘယ်လောက်ပဲ အခြေအနေ ပြင်းထန်နေပါစေ အလျင်အမြန် ကုစားနိုင်သွားသည်။

ဝမ်ချင်းလင်က ထိုကောင်လေးအတိုင်း လိုက်လုပ်နေသည်။ ကောင်လေး နားမထောင်လျှင် သူလည်း နားမထောင်ပေ။ သူက အမြဲတမ်း ဝမ်ချင်းလင်ကို ကုတ်ဆွဲဖို့ ကြံစည်နေတတ်သည်။ ဝမ်ချင်းလင်လည်း ခေါင်းကိုက်နေပြီဖြစ်သည်။ သူက ကလေးတစ်ယောက်ကို ချော့ရလောက်အောင်အထိ စိတ်မရှည်ပေ။

ဝမ်ချင်းလင်က လွှတ်ပေးလိုက်ကာ စိတ်မရှည်စွာဖြင့် ခေါင်းမာနေသော ကလေးကို မြေပြင်ပေါ်တွင် ပစ်ထားလိုက်သည်။

ရှောင်ဟန်က သူ့ကို စကားပြောရင်း ချော့ကြည့်ဖို့ လုပ်သော်လည်း ထိုကောင်လေးက အော်ဟစ်ပြီး ရွှံ့ဗွက်များကို ယူကာ ရှောင်ဟန်၏ မျက်နှာကို ပက်လိုက်သည်။

ရှောင်ဟန် "..."

ဝမ်ချင်းလင်က စိတ်တိုစွာဖြင့် သူ့ကို ရိုက်ပြီး ပြောလိုက်သည်

" မင်း ဒီလိုမျိုး စကားနားမထောင်ဘဲ ဆိုးနေမယ်ဆိုရင် ထပ်နေစရာ မလိုတော့ဘူး။ ငါ မင်းကို ဖန်တီးခဲ့တာဆိုတော့ ဖျက်ဆီးပစ်လို့လည်း ရတယ်"

ထိုကောင်လေးက ဝမ်ချင်းလင်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်ပြီး အလျှော့မပေးသလို ပြဿနာလည်း မရှာတော့ပေ။

ဝမ်ချင်းလင်က သူ ဘာစဉ်းစားနေလဲဆိုတာကို သိသည်။

သူက ဟိုကောင် လက်စားချေပြီး သူ့ကို လာကယ်တာ စောင့်နေတာမလား

ဝမ်ချင်းလင်က ဘာကို ကြောက်နေရမှာလဲ

ရှောင်ဟန်က အတော်လေး ပျက်စီးနေသည့် စစ်ကားဆီ လမ်းလျှောက်သွားလိုက်သည်။ သွေးများဖြင့် ဖုံးလွှမ်းနေသော ကားအပြင်ဘက်တွင် မတ်တပ်ရပ်လိုက်သည်။ မိုးထဲတွင် မတ်တပ်ရပ်နေရင်း ကားထဲရှိ ဗိုလ်ချုပ်ရှောင်နှင့် လောင်ရွှယ်ကို စိုက်ကြည့်လိုက်သည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Donde viven las historias. Descúbrelo ahora