အခန်း (28)

5.8K 1K 7
                                    


အခန်း (၂၈)

ထိုလူများက သူတို့ သေခါနီး အခြေအနေနှင့် ရင်ဆိုင်နေရသည်ဆိုတာကို သူတို့ မသိပေ။

ဝမ်ချင်းလင်က ခြေတစ်လှမ်းသာ နောက်ကျပြီးရောက်လာကာ လူပုံစံ သတ္တဝါများ အပြင်ဘက်သို့ ထွက်လာပြီးပြီ ဖြစ်ပါက အခြေစိုက်စခန်းတစ်ခုလုံးကို အဆိပ်ငွေ့ရည်များဖြင့် ပက်ဖြန်းပစ်နိုင်သည်။ ထိုအခါ ဇွန်ဘီမြို့တော် အခြေစိုက်စခန်းကို သွေးအလောင်းကောင် တိုက်ခိုက်ဖို့ မလိုတော့ဘဲ အထဲမှာ အားနည်းပြိုကွဲ သွားနိုင်သည်။

ရှောင်ဟန်နှင့် ကျိရုန်တို့က ယခုအချိန်အထိ ကြက်သီးထနေကြဆဲ ဖြစ်သည်။ ယခုတစ်ခေါက် ဝမ်ချင်းလင်၏ ကျေးဇူးကြောင့် အစပိုင်းမှာတင် အန္တရာယ်ကို ရှင်းလင်းနိုင်ခဲ့သည်။ မဟုတ်ပါက ဖြစ်လာမည့် အကျိုးဆက်ကို တွေးရဲစရာ မရှိပေ။

သူတို့က ကောင်းမွန်သော အရာကို လုပ်ခဲ့သော်လည်း ချီးကျူးမခံရဘဲ ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသူများ၏ ချိန်ရွယ်ခြင်းကို ခံထားရသည်။

အစောင့်ခေါင်းဆောင်က လက်နက်များချကာ သူတို့ကို ခေါင်းငုံ့ခိုင်းရင်း မြေပေါ်မှာ ထိုင်ချဖို့အတွက် ပြောလိုက်သည်။

သုံးယောက်လုံး မရွေ့လျားဘဲ သူ့ကို စိုက်ကြည့်လိုက်ကြသည်။

အစောင့်ခေါင်းဆောင်က စော်ကားခံလိုက်ရသည်ဟု ခံစားရသည့်အတွက် ရိုင်ဖယ်သေနတ်များကို အရင်ဆုံးဖွင့်ကာ သူတို့ဘေးရှိ မြေပြင်ကို ရိုက်လိုက်ပြီး ပြောသည်

" မင်းတို့ကို လက်နက်ချဖို့ ပြောနေတယ်လေ။ ငါ ပြောတာကြားလား။ မင်းတို့ရဲ့ လက်နက်တွေကို ချလိုက်"

ဝမ်ချင်းလင်က ရှောင်ဟန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်

" ဒါက မင်း ပြောတဲ့ လှပပါတယ်ဆိုတဲ့ လူ့အသိုင်းအဝိုင်းလား"

ကျိရုန်က လျင်မြန်စွာ ပြန်ပြောလိုက်သည်

" လူတိုင်းက ဒီလိုမျိုး မဟုတ်ပါဘူး..."

ဝမ်ချင်းလင်က သူ့လက်ကို မြှောက်ကာ ပြောလိုက်သည်

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now