အခန်း (၇၀)
ရှစ်ချုံးက စိတ်အားထက်သန်စွာဖြင့် "လောင်တ ငါ့ကိုလည်း လုပ်ပေးပါဦး "
ရှောင်ဟန်က နားမလည်ပေ " မင်းလည်း သူ့လို ဖြစ်ချင်တာလား "
ကျိရုန် " ငါ ရုပ်ဆိုးနေတုန်း မင်းလည်း ရုပ်ဆိုးဖို့ ရွေးချယ်တော့ တကယ်ကို ညီအစ်ကိုကောင်းပဲ"
ရှစ်ချုံးက ခေါင်းညိတ်ကာ " အင်း "
သူ့ညီအစ်ကိုများက ဇွန်ဘီ ဖြစ်ကုန်ကြလေရာ သူတစ်ယောက်တည်း လူသားဖြစ်နေ၍ ပျော်စရာ မကောင်းပေ။ သူ ရုပ်ဆိုးနေလျှင်ပင် ဇွန်ဘီ ဖြစ်လာရမည်။
ရှောင်ဟန်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် လက်ကို ကိုက်လိုက်ကာ ရှစ်ချုံးပါးစပ်ထဲ သွေးတစ်စက် ချပေးလိုက်သည်။ ရှစ်ချုံး၏ ပြောင်းလဲမှုပုံစံက ကျိရုန်နှင့်အတူတူ ဖြစ်၏။ သူလည်း သွေးသံရဲရဲ ဖြစ်သွားလေသည်။
ရှောင်ဟန် "မင်းရဲ့ စွမ်းရည် ရှိသေးလား စစ်ကြည့်လိုက်ဦး "
ရှောင်ဟန် ခန့်မှန်းထားသည့်အတိုင်း ရှစ်ချုံး၏ စွမ်းရည်က ရှိနေသေးလေသည်။ ရှစ်ချုံး စမ်းကြည့်လိုက်ပြီးနောက် သူ့မြေဓာတ်စွမ်းရည်မှာ အမှန်တကယ် ရှိနေသေးကြောင်း တွေ့လိုက်ရ၏။
သုံးယောက်သား ခဏတာ တိတ်ဆိတ်သွားကြလေသည်။ စွမ်းရည်ပိုင်ရှင် ဇွန်ဘီများက နည်းနည်း ကြောက်ဖို့ကောင်းသည် မဟုတ်ပါလော။
ရုတ်ချည်းဆိုသလို သူတို့နောက်မှ လက်ခုပ်တီးသံ ထွက်လာပြီး လူအများစု စုဝေးနေကြောင်း မြင်လိုက်ရသည်။
ဇွန်ဘီယဉ်က ပြောလိုက်သည် " နည်းပြတို့ ဂုဏ်ပြုပါတယ်။ ကံကောင်းပါစေ "
ရှောင်ဟန် " ... "
တစ်ခုခုများ မှားသွားတာလား ...
ဝမ်ချင်းလင်က နောက်မှ ထွက်လာသည် " အရမ်းကောင်းလိုက်တာ။ ရှောင်ဟန် .. မင်းက ကျိရုန်နဲ့ ရှစ်ချုံးကို တစ်ပြိုင်နက် လက်ထပ်ချင်နေတာလား"
ရှောင်ဟန် " .... "
ရှောင်ဟန် " အဲဒါ ဘာကိုပြောတာလဲ "
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်