အခန်း (32)

5.8K 1K 48
                                    


အခန်း (၃၂)

လမ်းမအထက် ကားလေးတစ်စီးက လေ့ကျင့်ရေးကွင်းဆီ မောင်းနှင်နေသည်။ ဝမ်ချင်းလင်က သူများ အမြင်မှားတာလားဟု တွေးလိုက်ရင်း ကားထဲမှ ထွက်ကာ စစ်ဆေးကြည့်လိုက်သည်။ ဤနေရာတွင် စစ်သား မပြောထားနှင့် စစ်ဝတ်စုံနှင့် ဇွန်ဘီပင် မရှိချေ။ ဤနေရာ၌ အဝတ်အစားအစုတ်များနှင့် သာမန်ဇွန်ဘီများသာ ရှိ၏။

ဝမ်ချင်းလင် ခေါင်းပေါ်တွင် မေးခွန်းပုံစံသင်္ကေတ ပေါ်လာကာ ဆက်မောင်းလာခဲ့ပြီး စစ်သားဇွန်ဘီကို ရှာလိုက်သည်။ သူက ရှီချန်မှ ပေချန်ရှိ စစ်ဌာနချုပ်ဆီ မောင်းခဲ့သော်လည်း စစ်သားဇွန်ဘီ မရှိပေ။ သူက စစ်တပ်ထဲ ပတ်လည်လျှောက်သွားခဲ့သော်လည်း စစ်သားပင် မမြင်ရချေ။ ဇွန်ဘီအရိပ်အယောင်များ ရှိ၏။

ဝမ်ချင်းလင်က ယခင်က စစ်တပ်ကြီးသည် ဇွန်ဘီစစ်သားပင် မကျန်ရှိတော့ဘဲ နေလိမ့်မည်ဟု မယုံနိုင်ပေ။ တစ်ခုခု မှားယွင်းနေတာသာ ဖြစ်ရမည်။ စစ်သားဇွန်ဘီအားလုံးကို ခေါ်ဆောင်သွားတာသာ ဖြစ်ရမည်။

ဤသို့အရာမျိုး လုပ်နိုင်ဖို့ရာ လင်းချန်မြို့အတွင်း တုံချန်ရှိ ဟိုပုန်ကန်တတ်တဲ့ သားကလွဲ၍ မဖြစ်နိုင်ပေ။

ဤသည်မှာ အကြံကောင်း ဖြစ်၏။ ပြောရလျှင် ထိုသေနတ်များနှင့် ကျည်ဆံများက ထိုစစ်သားဇွန်ဘီများအတွက် ပြင်ဆင်ထားခြင်း ဖြစ်ရမည်။ ထိုရုပ်ဆိုးဆိုးအကောင်က လင်းချန်ကို အမှန်တကယ် အုပ်စိုးလိုနေသည်။

လင်းချန်အခြေစိုက်စခန်းကို ရှင်းထုတ်ပြီးတာနဲ့ သူ့အဖေဖြစ်တဲ့ ငါ့ကိုပါ ရှင်းချင်နေတာလား ...

တကယ်လို့ မင်းက ဇွန်ဘီတပ်မဟာ တည်ထောင်ချင်ရင် အိပ်မက်သာ မက်နေလိုက် ...

မင်း လုပ်ချင်ရင် ဒီလောင်ဇီက ဖွဲ့တာပဲ ဖြစ်ရမယ်။ ဒီသားက အသုံးမကျဘူး

ဝမ်ချင်းလင်က အရှိန်မြင့်ကာ ကားကို ပေချန်မှ တုံချန်အထိ မောင်းလာလိုက်သည်။

အနိုင်ကျင့်တာ လွန်လွန်းသွားပြီ ...

အားလုံးက ဇွန်ဘီပဲကို... သူက နည်းပြတွေအားလုံးခေါ်သွားပြီးတော့ တစ်ယောက်မှတောင် မချန်ထားခဲ့ဘူး ...

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now