အခန်း (၁၂၃)
ဝမ်ချင်းလင် လိုက်ဖမ်းတာခံနေရသည့် ဆံနီက သယ်လာသမျှ ဗုံးများကို ပစ်ချကာ ဆက်တိုက် ထွက်ပြေးနေသည်။ ထိုအခါမှ သူက စွမ်းရည်အကူဖြင့် စီးဒရစ်ဆီ ထွက်ပြေးနိုင်မည် ဖြစ်၏။
အဆုံးသတ်၌ ဆံနီက ဆက်တိုက်ပစ်ခတ်နေသော်လည်း အမြုတေ ရှိသေးသည်။ သို့သော် အသုံးပြုဖို့ အချိန်မရသောကြောင့် ခေါင်းဆောင်ဆီသာ ဒုန်းတိုက်ပြေးတော့သည် "ခေါင်းဆောင် ... "
ဝမ်ချင်းလင်က ဆက်တိုက် ခုန်ကာ ဆံနီရှေ့မှ တားရပ်လိုက်သည်။
ဆံနီက ရုတ်ချည်း ရပ်လိုက်ရပြီး လမ်းပိတ်ထားသည့် ဝမ်ချင်းလင်အား ကြောက်လန့်တကြား ကြည့်လိုက်သည်။
ဝမ်ချင်းလင်က လက်မြောက်လိုက်သည့်အခါ ဆံနီက ဝမ်ချင်းလင် လက်ထဲ ရောက်လာသည်။ သူက ကြောက်လန့်နေသော်လည်း မီးတောက်ဓားဖြင့် ဝေ့ယမ်းကာ ဝမ်ချင်းလင်၏ ထိန်းချုပ်မှုကို နှောင့်ယှက်လိုက်၏။
ဝမ်ချင်းလင်က မြင့်မြင့်ခုန်လိုက်ပြီး မီးတောက်ဓားကို ရှောင်လိုက်သည်။ ထိုစဉ် သားရဲဟိန်းဟောက်သံကို ကြားလိုက်ရပြီးနောက် သူ့အနောက်ဘက်မှ မိုးကြိုးတလက်လက်နှင့် ဧရာမဝံပုလွေကြီး ပေါ်ထွက်လာသည်။
ဧရာမဝံပုလွေကြီး ရောက်လာလေပြီ ...
ဝမ်ချင်းလင် " ... "
ဘယ်သူ့ကို ဓာတ်လိုက်အောင် လုပ်ချင်နေတာလဲ ...
ဝမ်ချင်းလင်၏ လက်မောင်းက သစ်သားအဖြစ် ပြောင်းလဲသွားပြီး ဝံပုလွေအကိုက်ခံလိုက်ရပြီး မြေပေါ် အဖိခံလိုက်ရသည်။ ဧရာမဝံပုလွေကြီးက အူကာ ဝမ်ချင်းလင်အား တစစီ လုပ်ပစ်ချင်နေ၏။ သို့သော် သူ မြေပေါ်ဆင်းလာသည်နှင့် မြေပေါ်၌ မြောက်များစွာသော သစ်သားချွန်များ ပေါ်ထွက်လာကာ ဝံပုလွေကြီးအား အညှာအတာမရှိ ထိုးစိုက်ပစ်ကြသည်။
ဧရာမဝံပုလွေကြီးက တုန်လှုပ်သွားကာ ဝမ်ချင်းလင်အား လက်လျော့ပြီး ဘေးဘက်လိမ့်ရင်း သစ်သားချွန်များကို ရှောင်လိုက်ရသည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်