Chapter 190

306 68 0
                                    

Chapter 190

မူရင်းဝတ္ထုတွင် ချန်းမိသားစု၌ ခြေကုပ်ယူရန် အမျိုးသားဇာတ်ဆောင်သည် အချိန်များစွာယူခဲ့ရသည်။ ထိုကာလအတွင်း သူနှင့် အမျိုးသမီးဇာတ်ဆောင်တို့သည် သေခြင်းရှင်ခြင်းနှင့်ပတ်သက်သည့် ဘေးဒုက္ခများစွာကို တွေ့ကြုံခဲ့ရသည်။ သေခြင်းတရား၏အစွန်းဖျား၌ အကြိမ်ပေါင်းများစွာ ရစ်သီရစ်သီလုပ်ခဲ့ကြရ၏။

ကုမျန်သည် ဇာတ်ပို့ဇာတ်ကောင်လေးသာဖြစ်သည်။ ဇာတ်ကြောင်းက ဘယ်နေရာကနေသွေဖည်သွားမှန်း သူမ မသိသလို သူမသာ အမျိုးသမီးဇာတ်ဆောင်၏ ဇာတ်ကွက်ကိုရလိုက်ပါက အန္တရာယ်တိုင်းကို ဖြေရှင်းနိုင်ပါ့မလားဆိုသည်ကိုလည်း သူမ မသိပါချေ။

အဓိကအကြီးမားဆုံးပြိုင်ဘက်က ချန်းချယ်၏ အမြဲပြုံးနေလေ့ရှိသော တတိယဦးလေးဖြစ်သည်ကိုတော့ သူမ မှတ်မိသည်။

အမျိုးသမီးဇာတ်ဆောင်၏ဇာတ်ကွက်ကိုလည်း သူမ မယူရဲပေ။ အမျိုးသမီးဇာတ်ဆောင်၏ အရောင်အဝါမျိုးမရှိဘဲ ချန်းချယ်ကိုလက်ခံလိုက်ပါက သူမတို့နှစ်ဦးစလုံး သေဆုံးသွားနိုင်သည်။

ကုမျန် အံကြိတ်လိုက်ပြီး ခေါင်းယမ်း၍ "တောင်းပန်ပါတယ်" ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ချန်းချယ်သည် အချိန်အကြာကြီး မှင်သက်သွားခဲ့သည်။

သူ့မျက်၀န်းထဲရှိ လင်းလင်းတောက်ပနေသော အလင်းရောင်သည် တခဏချင်း ငြိမ်းသွားသည် ။

နှင်းပွင့်လေးများက သူ့အပေါ်ကို ဖြည်းဖြည်းချင်းစီ ကျဆင်းလာသည်။ ၎င်းတို့သည် သူ့မျက်နှာပေါ်တွင်ပင် အရည်ပျော်သွားသော်လည်း သူကတော့ ၎င်းအဖြစ်ကို သတိမထားမိပုံရသည်။

သူ့ဆံပင်နှင့်ကုတ်အင်္ကျီတို့ စိုစွတ်သွား၏။

ချန်းချယ်သည် ဖြည်းညှင်းစွာ မတ်တတ်ပြန်ရပ်ရန်အတွက် အချိန်အတော်ကြာခဲ့ပြီး သူ့လက်ကိုဆန့်တန်း၍ ကုမျန်၏မေးစေ့ကို ဖြည်းညှင်းစွာပင့်လိုက်ကာ အသံတိုးတိုးဖြင့်"မျန်းမျန်၊ အစပိုင်းတုန်းက ကိုယ့်အပေါ် အရမ်းစိတ်အားထက်သန်ခဲ့တဲ့ မင်းကို ကိုယ်အရမ်းသတိရတယ်"

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now