Chapter 189
ကုမျန် လေယာဉ်ဆိုက်သည့်အချိန် ပေချန်းတွင် နှင်းများထူထပ်စွာ ကျဆင်းနေ၏။
သူမသည် သူမ၏မန်နေဂျာ အစ်ကိုနန်၊ လက်ထောက်ရှောင်ကျူးနှင့် အခြားဝန်ထမ်းများနှင့်အတူ ကားထဲသို့ဝင်လိုက်သည်။
ရှောင်ကျူးသည် ကားပြတင်းပေါက်မှတဆင့် နှင်းများထူထပ်စွာကျဆင်းနေသည့် ပေချန်း၏ညမြင်ကွင်းကိုကြည့်ရင်း "အရမ်းလှတာပဲ" ။ သူမက လှည့်ပြီး "ငါတို့ ကံကောင်းလို့ လုံလုံခြုံခြုံနဲ့လေယာဉ်ဆိုက်ရတာ ပေချန်းလေဆိပ်မှာရှိတဲ့ နောက်လာမယ့် လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပြီတဲ့"
ကုမျန်က "အိုး"
မှော်မြို့တော်ရှိ အစမ်းလေ့ကျင့်မှုတွင် ပါဝင်ရသည့် သူမ၏တာဝန်မှာ သိပ်မလေးလံပေ။ သူမသည် ရှိုးတစ်ခု ဖျော်ဖြေရန်မလိုအပ်ဘဲ အခြားသော အကဲဖြတ်ဒိုင်လူကြီးများနှင့်အတူ စင်မြင့်ပေါ် လျှောက်သွားရုံသာ ဖြစ်သည်။
လာမည့်ရက်အနည်းငယ်အတွက် သူမတွင် အလုပ်သိပ်မရှိသောကြောင့် စနေနေ့နောက်ဆုံးအပိုင်းကို တိုက်ရိုက်ထုတ်လွှင့်သည့်အချိန်အထိ စိတ်အေးလက်အေးနှင့် နှစ်သစ်ကူးကို စောင့်မျှော်နိုင်မည်ပင်။
ကုမျန်၏အိမ်နှင့်မီတာအနည်းငယ်အကွာတွင် ကားသည် အရှိန်လျှော့သွားခဲ့သည်။ ဒရိုင်ဘာက "မမလေးကု မမလေးရဲ့အိမ်တံခါးနားမှာ ရပ်နေတဲ့သူတစ်ယောက်ရှိပုံရတယ်"
"ဟင်?"
ယာဉ်မောင်းက "အဲ့ဒါက... သခင်လေးချန်းနဲ့တူသလိုပဲ" ဟုမပြောခင် လူကို စေ့စေ့စပ်စပ်ဖြင့် အထောက်အထားဖော်ထုတ်လိုက်သေး၏။
ကုမျန် သူမမျက်လုံးကိုဖွင့်လိုက်ပြီး ကားရှေ့ပြတင်းပေါက်မှ ရှေ့သို့ကြည့်လိုက်သည်။
လင်းချင်းနေသည့်ကားရှေ့မီးအလင်းရောင်ဖြင့် အဝေးမှလူသည် ချန်းချယ်ဖြစ်သည်ကို ကုမျန်သိလိုက်ရသည်။
သူသည် အနက်ရောင်ကုတ်အင်္ကျီရှည်ကို ၀တ်ထားသည်။ ထီးမပါဘဲ သူသည် လေနှင့် နှင်းများထဲတွင် အထီးကျန်စွာ ရပ်နေသည်။ ဆံပင်နှင့်ကုတ်အင်္ကျီသည် နှင်းများဖြင့် ဖုံးလွှမ်းနေလေသည်။ သူ ထိုနေရာတွင် ရပ်နေတာကြာပြီဖြစ်လိမ့်မည်ပင်။
![](https://img.wattpad.com/cover/328451134-288-k846279.jpg)
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)