အခန်း (၁၆၆)
"အဲဒါက မင်းအတွက်ပဲ"
ဟော်စစ်၏ မှောက်မိုက်ပြီး နက်နဲသော မျက်လုံးများနှင့် ရင်ဆိုင်ရသော အန်းရှသည် မမျှော်လင့်ထားသော ထူးဆန်းမှုကို ခံစားလိုက်ရသည်။
ထိုကဲ့သို့သော ထူးခြားမှုသည် သူမ၏ နှလုံးသားကို တုန်လှုပ်စေသည်။
မကြာမီ ဟော်စစ်သည် သူ၏လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး အန်းရှဆီမှ အဝေးသို့ စူးစိုက်ကြည့်နေသော အကြည့်များ နူးညံ့မှုမှ တဖြည်းဖြည်း အေးစက်သွားသည်။
"ဒါကြောင့် မိန်းကလေး မင်းရဲ့ ပိုက်ဆံအိတ်ကို အဝေးမှာထားလိုက်ပါ။ မင်းဆီက ပိုက်ဆံ နည်းနည်းလေးလောက်ကို ငါတို့မလိုဘူး"
သူ့ကိုယ်သူ အလွန် အထင်ကြီးနေသော ကက်သရင်းသည် အလွန် စိတ်ဆိုးသွားသည်။
အမြဲတမ်း အဖက်မလုပ်ခဲ့သော သူမသည် မျက်နှာကို အဆက်မပြတ် အရိုက်ခံနေရ သကဲ့သို့ ရှက်ရွံ့လာသည်။
ရှက်စရာကြီး။ အခြားပြိုင်ဘက်၏ အဆင့်အတန်းက သူမထက် မြင့်မားတယ်ဆိုရင် အဲဒါက ကောင်းပါသေးတယ်။
သို့ပေမယ့် သူမရှေ့တွင် ရပ်နေသော နှစ်ယောက်သည် သိသိသာသာ သာမန် "မျက်နှာသစ်သူဌေး" ဖြစ်လို့ သူမဘယ်လို ရပ်တည်နိုင်တော့မှာလဲ။
သူမသည် အသက်ရှူ တစ်ချက်ကို မမြိုချနိုင်တေ့ာဘဲ ဟော်စစ်နှင့် အန်းရှတို့နှင့် အတူ ကတောက်ကဆ ဖြစ်ပွားသည်။
"မိန်းကလေး ကက်သရင်း ငါတို့ မင်းအတွက် ဝတ်စုံတစ်ခု အထူးပြုလုပ် ပေးနိုင်ပါတယ်"
ဝယ်သူတွေ ဝတ်စုံအပေါ်တွင် အငြင်းပွားနေမှုကြောင့် ဝန်ထမ်းများက သူမကို အမြန် ဖြောင်းဖြလိုက်သည်။
သူတို့သည် သူတို့၏ ရင်ထဲတွင် ပို၍ပင် အကူအညီ မဲ့နေသည်။
အများအားဖြင့် သူတို့ဆိုင်သည် အထူးပြုလုပ်ပေးရန် ဝယ်သူတစ်ဦးကို သာလျှင် လက်ခံပြီး ၎င်းတို့ အားလုံးသည် ဝယ်သူ တစ်ဦးချင်းဆီကို ဝန်ဆောင်မှုပေးကြသည်။
သို့ပေမယ့် ထိုနေ့တွင် သူတို့ မတတ်နိုင်သော လူနှစ်ယောက်သည် မှားယွင်းစွာ ရောက်ရှိလာသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်