Unicode
What Should I Do if the School Bully is Interested in Me
Ch104 - Side Story 14 – Rebellious and Wild Mandarin Ducks (Gu Ming Ren x Lin Jiang)
ထိုညမှာ လမင်းကြီးဟာ ဝိုင်းစက်နေပြီးတော့ကောင်းကင်ရဲ့အမြင့်တစ်နေရာမှာ ချိတ်ဆွဲလျှက်ရှိတယ်။ လရောင်ဟာ ကုမင်းရန်ရဲ့မျက်နှာပေါ်ဖြာကျကာ ကြည်လင်လှတဲ့မျက်မှန်ရဲ့မှန်ဘီလူးတွေကိုထွင်းဖောက်လို့ သူ့ရဲ့တုန်ယင်နေတဲ့သူငယ်အိမ်တို့ကို လင်းလက်စေခဲ့တယ်။
"ဘာလို့လဲဆိုတော့ ကိုယ်မင်းကို အကောင်းဆုံးဆိုတာတွေပဲ ပေးချင်လို့"
သူက အင်အားတောင့်တဲ့အခန်းကဏ္ဍမှာပဲ အမြဲတမ်း လှုပ်ရှားရသူမို့ သူသာလင်းကျန်ကိုချစ်ရင် အကောင်းဆုံးတွေပဲ ပေးနိုင်ရမယ်လို့ မှတ်ယူထားတယ်။ အကယ်၍ သူမပေးနိုင်ဘူးဆိုရင် ဒါက သူဟာအရှုံးသမားတစ်ယောက်ဆိုတာ ပြနေတာပဲ။
"အကောင်းဆုံးဆိုတာဘာလဲ"
လင်းကျန် ကောင်းကင်က လပြည့်ဝန်းကြီးကို ငေးကြည့်ရင်း သူ့မိဘတွေကိုအနည်းငယ် လွမ်းဆွတ်လာမိတယ်။
သူ စွန့်ပစ်ခံရပြီးကတည်းက တစ်စုံတစ်ရာကိုတော့ သင်ယူခဲ့ရတယ်။ မတော်တဆမှုတွေနဲ့ မနက်ဖြန်ရဲ့ကြားမှာ ဘယ်အရာက အရင်လာမလဲဆိုတာ မင်းမသိနိုင်ဘူး။ဒါကြောင့် အကောင်းဆုံးအပြုအမူက မင်းရှေ့ကလူကို ချစ်မြတ်နိုးပြီး လက်ရှိမှာပျော်ရွှင်နေဖို့ပါပဲ။
လင်းကျန် မျက်တောင်ခပ်လိုက်ရင်း မျက်နှာပေါ်က ကျီစယ်ပြုံးနဲ့အတူ ကုမင်းရန်ဘက်ကိုလှည့်လိုက်တယ်။
"ငါကတော့ မင်းကအရမ်းကောင်းလွန်းနေပြီလို့ထင်တာပဲ"
အကောင်းဆုံးဆိုတာဘာလဲ။ ငါ့အတွက်တော့ မင်းကအကောင်းဆုံးပဲ။
"အေးဆေးပေါ့ ကုရှောက်ရဲ့ ....အရူးအမူးသောင်းကျန်းကြမယ့် မန်ဒရင်းဘဲ အတွဲ လုပ်ကြမယ်လေ!"
လင်းကျန်ပုံစံက စိတ်တက်ကြွနေပုံပေါ်ပြီး ယုံကြည်စွာနဲ့ ဆိုလေတယ်။
(မန်ဒရင်းဘဲ :တရုတ်မှာ မန်ဒရင်းဘဲတွေကို ချစ်ခြင်းရဲ့သင်္ကေတလိုသုံးကြပါတယ်။ ချစ်ချစ်ခင်ခင်နဲ့လက်ထပ်ထားကြတဲ့စုံတွဲတွေကိုပေါ့)
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။