Ch27 - ကိုယ်ကမင်းကိုသဘောကျနေတာမလို့ ကိစ္စမရှိပါဘူး

10.7K 1.7K 24
                                    

Zawgyi

What Should I Do if the School Bully is Interested in Me


လင်ကျားဆွေ့ကသူမကို ရွှီရှောင်ကျင့်က ဒီလို တည့်ကြီး ပြောချလိုက်မယ်လို့ ထင်မထားမိဘူး။

အိမ်မှာဆို သူမက မင်းသမီးလေးပဲ။ တစ်အိမ်လုံးက တုန်နေအောင်ချစ်ကြတာ။ကျောင်းမှာ ဆိုရင်ရော သူမက ကြည့်ကောင်းတဲ့ ရုပ်သွင်နဲ့ အမှတ်လည်းကောင်းတဲ့ အတန်းခေါင်းဆောင်တစ်ယောက်လေ။ဆရာမတွေရဲ့ အချစ်ခံရလွန်းလို့ အတန်းဖော်တွေ အကုန်လုံးက မနာလိုဖြစ်နေကြတာလေ။ ဘယ်အချိန်ကများ သူမကို ဒီလို လူကြားထဲမှာ အပြစ်ရှာခံရဖူးလို့လဲ။

ရွှီရှောင်ကျင့်စကားတွေကြောင့် သူမ မျက်နှာက ရဲတက်လာပေမဲ့ ရွှီရှောင်ကျင့် ပြောတာတွေကိုလည်း မခံနိုင်ပြန်ဘူး။ သူမကကိုယ့်ကိုကိုယ် အားတင်းလိုက်ရင်းနဲ့ အကျယ်ကြီး အော်ပြောလိုက်တယ်။

"ရွှီရှောင်ကျင့် ဒါနင်နဲ့ မဆိုင်ဘူး။ နင့်ကိုငါကပြောနေလို့လား!"

"ငါလား ဘက်မလိုက်တတ်တဲ့သူလေးလေ။ နင့်အာဏာကို အလွဲသုံးစားလုပ်နေတာကို ငါကညည်းမခံနိုင်တော့ ဘာဖြစ်ချင်လဲ။ နင်ကျ ရိုးသားတဲ့လူတွေကို အနိုင်ကျင့်မယ်။ ငါကျတော့ နင့်ကို သောက်မြင်ကပ်လို့မရဘူးလား!"

သူမ စကားလုံးတွေပေါ်မှာ တာဝန်ယူနိုင်တဲ့ပုံမျိုးနဲ့ ရွှီရှောင်ကျင့်က ရင်ဘတ်ပေါ်မှာ လက်နှစ်ဖက်ကို ပိုက်ထားလိုက်သေးတယ်။

ရိုးသားသူလေး ကျိလျောင်ခမျာတော့ မိန်းကလေးနှစ်ယောက် ဘာလို့ရန်ဖြစ်မှန်း သေချာမသိပဲ ရန်ပွဲအလယ်မှာ ကြောင်အမ်းအမ်းနဲ့ ညပ်ပါနေမိတယ်။

"နင်တို့နှစ်ယောက် ရန်မဖြစ်ကြပါနဲ့လား"

သူကအသံတိုးတိုးလေးနဲ့ ဖျန်ဖြေဖို့လုပ်တယ်။

ဒါပေမဲ့ နှစ်ယောက်လုံးကတော့ သူ့ကို လျစ်လျူရှုထားကြလေရဲ့။

လင်ကျားဆွေ့က ဒီလိုချက်နဲ့လက်နဲ့ပြန်ပြောတဲ့နေရာမှာ ရွှီရှောင်ကျင့်ကို မမှီဘူး။ သူမက မှင်သက်မိသွားပေမဲ့ ရှုံးတယ်ဆိုတာလည်း ဝန်မခံချင်တော့ လှောင်ပြောင်ပြီးတော့ ပြောတော့တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now