Side Story 12 (Gu❤️Lin)

5.1K 1K 53
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch102 - Side Story 12 – Have Some Fun (Gu Ming Ren x Lin Jiang)

လင်းကျန် ပခုံးတွန့်ပြလိုက်တယ်။ သူ အဲ့လောက်ကို အရှက်မဲ့တယ်လေ။

ကျန်းဝေ လည်ချောင်းရှင်းပြီးမှ အတန်းစလိုက်တယ်။လင်းကျန်က သူမရွတ်ဆိုနေသံတွေကို နားထောင်ရင်း သူ့မျက်ခွံတွေလေးလာကာ နောက်ဆုံး ခုံပေါ်မှာ အိပ်ပျော်သွားတော့တယ်။

သူနိုးလာချိန်မှာ စာသင်ခန်းက ပြောင်တလင်းခါဖြစ်နေပြီ။ ကျန်းဝေတစ်ယောက်တည်းသာ စင်မြင့်ပေါ်မှာ သင်ခန်းစာ စာရွက်စာတမ်းတွေကို အမျိုးအစားခွဲရင်း ကျန်ရှိနေတယ်။

သူ့ကိုနှိုးမသွားတဲ့အတွက် လင်းကျန် ဟောင့်မုန်ကို အမြန်ပဲ အပြစ်တင်ပစ်လိုက်တယ်။ဒီကောင်က အတန်းဆင်းတာနဲ့ ချက်ချင်းပဲ စားစရာဝယ်ဖို့ ကန်တင်းကိုပြေးတာ သေချာပေါက်ပဲ။တစ်ချိန်လုံး စားဖို့သောက်ဖို့ချည်း စဉ်းစားနေလွန်းလို့ သူ့လိုသက်ရှိလူသားကြီးကြီးကိုတောင် မေ့ရတယ်ပေါ့လေ။

လင်းကျန် သူ့စာအုပ်တွေကိုဆွဲယူရင်း ပြန်ဖို့ပြင်ဆင်လိုက်ပေမယ့် ထင်မှတ်မထားစွာပဲ လက်ထဲမှာ စာသင်ကြားရေးစီမံချက်တွေကိုကိုင်ထားတဲ့ ကျန်းဝေနဲ့ ပက်ပင်းကြုံမိသွားရတယ်။

ပြင်းထန်လှတဲ့ တိုက်စစ်တို့ကိုသယ်ဆောင်လာတဲ့ ကျန်းဝေအလှက တောက်ပဝင့်ကြွားပြီး ဟိတ်ဟန်များလွန်းလှတယ်။ သူမပြုံးလိုက်ရင်တော့ အဲ့ဒီသွင်ပြင်ဟာ ဖျော့တော့သွားပြီး သိမ်မွေ့ပုံပေါက်စေတယ်။

သူမရဲ့ ဆွဲဆောင်မှုရှိလှတဲ့ မျက်ဝန်းတွေက လင်းကျန်ကိုကြည့်နေပုံက ကလေးတစ်ယောက်ကိုကြည့်နေတဲ့အလားပဲ။သူမအကြည့်တွေထဲမှာမတရားမှုတွေပါ ကပ်တွယ်နေလေရဲ့။

"လင်းကျန်...မင်း တို့ကို နှုတ်မဆက်တော့ဘူးလား။ ဘာတွေပဲဖြစ်နေ ဖြစ်နေ တို့က မင်းရဲ့အချစ်ပြိုင်ဘက်ဖြစ်နေတုန်းပဲလေ ဟုတ်တယ်ဟုတ်"

ကျန်းဝေက မနေ့ညက သူမအမေဆီက ဖုန်းကောလ်လက်ခံရရှိခဲ့တယ်။ သူမအမေကသူမကို ကုမင်းရန်ရဲ့စေ့စပ်သတို့သမီးလောင်း ဆိုတဲ့ဂုဏ်ပုဒ်ကို ဝန်ခံပြီး ထွက်ပေါ်လာစေချင်နေတယ်လေ။ဒီကိစ္စက ကလေးနှစ်ယောက်ဒိတ်လုပ်တာကိုသိသွားကြလို့သာပဲလို့ သူမခန့်မှန်းမိသွားတယ်။ထိုစဉ်တုန်းက ကျန်းဝေဟာ လှောင်ရယ်မိရင်း သူမတောင် မတိုင်ရသေးခင် အဆုံးသတ်ခံရတော့မယ့် သူတို့နှစ်ယောက်သားရဲ့အချစ်သိုက်မြုံက တော်တော် သနားစရာကောင်းတာပဲလို့ တွေးမိတယ်။

လင်းကျန် စိတ်ထဲမှာရယ်မောမိရင်း အပြုံးတုကြီးဆင်မြန်းလို့ စကားဆိုလိုက်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now