Ch1 - ငါမင်းကို လိုက်လို့ရမလား
ကျိလျောင်က သူ့အတန်းဖော်တွေနဲ့ ဘက်စကက်ဘော ကစားပြီးသွားတော့ စာသင်ခန်းထဲပြန်လာကာ သူ့ဖုန်းကို ဖျတ်ခနဲကြည့်ပြီးစစ်လိုက်တော့ screenပေါ်မှာ Wechat နိုတီကို မြင်လိုက်ရတယ် :
{ဘေဘီ မင်းရှပ်အင်္ကျီက အရမ်းတိုလွန်းတယ်။ မင်းရဲ့သေးသွယ်တဲ့ခါးလေးက ကိုယ့်ကို မာလာအောင်လုပ်လုနီးပါးပဲ}
ကျိလျောင်က Messageကိုဖတ်ပြီးသွားတော့ သူ့မျက်နှာက အလွန်အမင်းကို ရှက်သွေးဖြာသွားတယ်။ သူ့အနောက်က ယွီကျင်းက သူ့ရဲ့ထူးဆန်းတဲ့အမူအရာကိုမြင်တော့ သိချင်စိတ်နဲ့ အနားကိုကပ်လာတယ်။
"မင်း ဘာတွေကြည့်နေတာလဲ"
ကျိလျောင်က ထိတ်ထိတ်ပျာပျာနဲ့ သူ့ကိုအမြန်တွန်းလိုက်တယ်။ သူ့ဖုန်းကိုပိတ်ပြီး အိတ်ကပ်ထဲ ထည့်ပစ်လိုက်တယ်။ အဲဒီနောက် ချက်ချင်းပဲ အတန်းတက်ခေါင်းလောင်းမြည်လာတာကြောင့် ယွီကျင်းလည်း အာရုံမစိုက်နိုင်တော့ပဲ သူ့ခုံနေရာကိုသာ ချက်ချင်းပြန်သွားရတယ်။
ကျိလျောင် သက်ပြင်းချလိုက်တယ်။ စောနက လွန်ကဲတဲ့ Messageအကြောင်းတွေးမိတော့ သူ့မျက်နှာက နီရဲပြီး ပူလာတော့တယ်။
သုံးရက်မတိုင်ခင်ညအကြောင်း နောက်ကြောင်းပြန်ခြင်း
ကျိလျောင်က အိပ်ယာပေါ်မှာ ပစ်လှဲနေရင်း Weiboကို လျောက်ကြည့်နေတုန်း wechatကနေ သူငယ်ချင်းဖြစ်ခွင့်တောင်းခံတဲ့ နိုတီတစ်ခုတက်လာတယ်။
တစ်ခြား partyမှ မှတ်ချက် :
{ငါက ဟယ်ချန်းမင် ပါ}
ပထမတော့ ကျိလျောင်က ဟယ်ချန်းမင်ဆိုတာ ဘယ် ဟယ်ချန်းမင်လဲဆိုတာ သတိမထားမိဘူး။ အဲဒီသူဟာ အချောဆုံးလူတွေရှိတဲ့ အတန်း ၂ က ကျော်ကြားလှတဲ့ ကျောင်းတွင်း အနိုင့်ကျင့်တတ်သူကြီး ဟယ်ချန်းမင်မှန်း မှတ်မိလည်းသွားရော လှုပ်ရှားဖို့တောင် ခက်သွားတာမို့ ဖုန်းကို ဆုပ်ကိုင်ရင်း ထိုင်ချလိုက်ရတယ်။
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now