Zawgyi
What Should I Do if the School Bully is Interested in Me
Ch23 - ကံမကောင်းစွာနဲ့ပဲ..သူတို့နှစ်ယောက်မှာ တကယ်လို့ ဆိုတာ မရှိခဲ့ဘူး
ဟယ်ချန်းမင်က သူမဘေးက ဖြတ်သွားတော့ ရွှီရှောင်ကျင့်က ငေးတိငေးကြောင် လိုက်ကြည့်မိတယ်။ စောစောပြန်မလာမိလို့ သူမက ကိုယ့်ကိုကိုယ်တောင် အမြင်ကပ်မိသွားတယ်။
သူမသာ စောစောပြန်လာခဲ့ရင် ဒီနှစ်ယောက်ရဲ့ ပွေ့ဖက်နမ်းရှုံ့ခန်းတွေကို သေချာပေါက် ဖမ်းမိမှာ။အာ...သူမ ခွေးစာတွေ စားချင်ပါတယ်နော်!။
စိတ်တိုစွာနဲ့ပဲ သူမက သူမခုံဆီပြန်သွားလိုက်ရတယ်။ကျိလျောင်ဘာလုပ်နေလဲသိဖို့ သူမက လည်ဆန့်ပြီး ကြည့်လိုက်သေးတယ်။ သူကအတည်ပေါက်ကြီး အိမ်စာလုပ်နေတာကို မြင်တော့ နှောင့်ယှက်ရမယ့်အခွင့်အလမ်း မရှိရှာတော့ပဲ သူမခေါင်းကို ပြန်ရုတ်လိုက်ရတယ်။
နေ့လည်ခင်း အတန်းချိန်က စတော့မှာမလို့ လူတွေကတော့ တစ်ယောက်ပြီးတစ်ယောက် အခန်းထဲကို ဝင်လာနေကြတယ်။
တစ်နေ့ခင်းလုံးကတော့ စာသင်သံတွေနဲ့ချည်း ကုန်ဆုံးနေရတယ်။ တိတ်ဆိတ်နေတဲ့ စာသင်ခန်းက ညနေခင်းခေါင်းလောင်းထိုးသံကြားမှပဲ စိတ်သက်သာရာတွေ ရကုန်တယ်။
ယွီကျင်းက ကျိလျောင်ဆီကို ကျောင်းဆင်းရင် ဘက်စကတ်ဘောကစားမလားလို့ စာပို့ထားပြီးတော့ ကျိလျောင်ကလည်း သဘောတူကြောင်း စာပြန်ပြီးသား။ ဒီတော့ ကျောင်းဆင်းတာနဲ့ တစ်ပြိုင်နက် ယွီကျင်းက ဘက်စကတ်ဘောကွင်းမှာ နေရာရဖို့ ပြေးတော့တာပဲ။
ရွှီရှောင်ကျင့်က သူမပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီးသွားတော့ ကျိလျောင် ထွက်သွားတာကို လိုက်ကြည့်နေလိုက်တယ်။ သူမက စားပွဲခုံအောက်ကို ကြည့်လိုက်တော့ သူ့ရဲ့ ကျောင်းလွယ်အိတ်ကတော့ ရှိနေတုန်းဆိုတာ တွေ့လိုက်တယ်။
သူမက စာတိုလေးရေးပြီးတော့ စာအုပ်ကြားထဲ ညှပ်လိုက်တယ်။ ပြီးမှ ကျိလျောင်ခုံထဲကို အဲ့စာအုပ်ထည့်ထားလိုက်တယ်။
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။