Ch20 - မင်းထပ်ရုန်းနေရင် ကိုယ်မင်းကိုနမ်းမိလိမ့်မယ်

12.3K 1.9K 5
                                    

Zawgyi

What Should I Do if the School Bully is Interested in Me





ကျိလျောင်က ရုံးခန်းကနေ ဝမ်းနည်းပက်လက်ပုံစံနဲ့ ထွက်လာတယ်။

ဒီအချိန်ကနေ့လည်စာ စားချိန်ဆိုပေမယ့်လည်း သူ့မှာစားချင်စိတ်မရှိဘူး။သူက စာသင်ခန်းဆီပဲ ဦးတည်ပြန်လာခဲ့ပြီးတော့ ခုံပေါ်ကို ပစ်ထိုင်ချလိုက်တယ်။

တကယ်တမ်းကျတော့ သူက gradeကောင်းကောင်းရနေကျ ဖြစ်တဲ့ကျောင်းသားတစ်ယောက်ပဲ။ သူပထမနေရာ ရတိုင်း ကျိချင်းဝမ်က သူ့ကို ဆုချတဲ့အနေနဲ့ အပြင်မှာကစားဖို့ခေါ်သွားလေ့ရှိတယ်။ တစ်ခါတစ်လေကျ မြို့ထဲပိုင်း တစ်ခါတစ်လေကျ သူ့ရဲ့ ဆောက်လုပ်ရေးဝန်းထဲ ခေါ်သွားလေ့ရှိတယ်။

ကျိချင်းဝမ်က ရိုးရိုးသာမန် အာခီတက်ခ် တစ်ယောက်သာ ဖြစ်တယ်။ "ရိုးရိုးသာမန်" ဆိုတဲ့ စကားလုံးကို ဘာကြောင့်ထည့်ရလဲဆိုတော့ သူ့မှာ ဒီပလိုမာမရှိလို့ပါပဲ။  ဆောက်လုပ်ရေးဝန်းထဲမှာ "ဆရာ"နောက်လိုက်ပြီး သူ့ရဲ့ အသိပညာတွေကို အသုံးချခဲ့ရလို့ပါပဲ။

မြို့တော်မှာအချိန်အကြာကြီး ရောက်ရှိနေတဲ့ လူချမ်းသာတွေက သူတို့ရဲ့အားလပ်ချိန်တွေမှာ သဘာဝအတိုင်း နေနိုင်အောင် တောင်ထိပ်မှာ မြေကွက်တွေဝယ်ပြီး ဗီလာတွေ ဆောက်ဖို့ ရည်ရွယ်ခဲ့ကြတယ်။ သူဋ္ဌေးတွေထဲကမှ တစ်ယောက်က ကျိချင်းဝမ်ကို အထင်တကြီး ရှိတာကြောင့် သူ့ကို တာဝန်ပေးအပ်လိုက်တယ်။
 
ကျိလျောင်က သူ့အဖေရဲ့ ဆောက်လုပ်ရေးဝန်းထဲ လိုက်သွားရတာကိုသဘောကျတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာက လေက လတ်ဆတ်ပြီး တိတ်တိတ်ဆိတ်ဆိတ်ရှိလို့ပါပဲ။အဲဒါအပြင်သူက တည်ဆောက်ပုံ ဖောင်ဒေးရှင်းတွေကို အရမ်းစိတ်ဝင်စားတယ်။သူက အောက်ခြေကနေ တည်ဆောက်ပုံပေါ်လာတဲ့ ဗီလာလေးတွေကိုမြင်ရတာ ကိုသဘောကျနေပြီးတော့ သူ့အဖေသာ အတော်ဆုံးလို့ ခံစားရတယ်။

ဆောင်းတွင်းပိုင်း တရုတ်နှစ်သစ်ကူးရဲ့ ဒုတိယနေ့မှာ ကျိချင်းဝမ်က ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွေ အချိန်မှီအောင် အချိန်ပိုဆင်းခဲ့တယ်။ သူဟာ siteထဲမှာ အမိုးပေါ်ကနေ မတော်တဆ ပြုတ်ကျပြီးတော့ သေဆုံးသွားခဲ့တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now