Side Story 9(Gu❤️Lin)

5.9K 1.1K 153
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch99 - Side Story 9 – Dry Wood in a Blazing Fire (Gu Ming Ren x Lin Jiang)

"တအားမွန်းကြပ်နေပြီ။ မြန်မြန်လွှတ်ပေးစမ်းပါ!"

လင်းကျန်အတော်ကြီးကို ရှက်နေမိတယ်။ အရမ်းပွတ်သီးပွတ်သပ်ကြီးအဖက်ခံထားရတာက သူ့ကိုအနည်းငယ်ရှိုးတိုးရှန့်တန့်ဖြစ်ရစေတယ်။

ပြီးတော့လည်း ခုချိန်မှာ သူ သူ့ပါးစပ်သူသာ ရိုက်ပစ်လိုက်ချင်တယ်။ အရင်တုန်းကဖြင့် သူဟာ စတီးချောင်းထက်တောင်ဖြောင့်တယ်လို့ပြောခဲ့ဖူးတယ်လေ။ အဆုံးသတ်ကျ သူက ကွေးနေလိုက်တာ ထျန်ကျင်းမြို့က မုန့်လက်ကောက်ကွင်းကြော်အတိုင်းပဲ။

"ရိုမန့်မဆန်လိုက်တဲ့ဟာလေး"

ကုမင်းရန်က ခွေးမသားလေးဆိုတဲ့စကားလုံးကြီးကိုမြိုချလိုက်ရတယ်။ သူ့နှုတ်ခမ်းပါးတွေမှာတော့ အပြုံးကိုဖုံးထားလို့ကိုမရနိုင်ဘူး။သူ လက်တစ်ဖက်မြှောက်ကာ လင်းကျန်ရဲ့ နူးညံ့နက်မှောင်တဲ့ဆံသားတွေကို တစ်ချက်ဆွဲဖွလိုက်တယ်။ သူ့မျက်ဝန်းတွေကတွေက ရေနက်အိုင်တစ်ခုလို သိမ်မွေ့ညင်သာနေတယ်။

လင်းကျန်က ပျော်မြူးနေပေမယ့် နှုတ်ကတော့ သဘောမကျသလိုဖော်ပြလိုက်သေးတယ်။

"ဘာကို ရိုမန့်လဲ။ စားစရာတစ်ခုခုသာ အမြန်မှာလိုက်စမ်းပါ။ ဗိုက်ဆာလို့သေတော့မယ်"

သူစကားပြောပြီးရုံပဲရှိသေး သူ့ဗိုက်ထဲက ဂွီ ဆိုတဲ့အသံက ထွက်ပေါ်လာတယ်။

အသံက သိပ်မချိုတော့ ကုမင်းရန်က သူ့နှုတ်ခမ်းကို စိုက်ကြည့်ရင်း လင်းကျန်ကိုသေအောင်နမ်းပစ်ပြီး ဒေါသပြေအောင်လုပ်ပစ်ဖို့သာ ဆုတောင်းမိတော့တယ်။

"ဘာလာကြည့်နေတာလဲ။ မင်းဆက်ကြည့်နေရင် ငါ မင်းကို အရည်ခမ်းအောင်လုပ်ပစ်မှာ!"

လင်းကျန်ရဲ့ ချစ်စရာကောင်းစွာ ခက်ထန်ပြမှုက ကုမင်းရန်ကို ရယ်မောစေတော့တယ်။ သူက လင်းကျန်တင်ပါးကို လက်ချောင်းထိပ်တို့နဲ့ဆွဲဆိတ်ရင်း အရှက်မရှိစွာပဲ ဆိုလေတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now