Side Story 28 (Gu❤️Lin)

5.2K 965 40
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch118 - Side Story 28 – I’ll Wait For You To Come Back (Gu Ming Ren x Lin Jiang)

တစ်ယောက်နဲ့တစ်ယောက် အတူရှိလာခဲ့ကြတဲ့ ပထမ ၅နှစ်တာ။
 
လင်းကျန်အနေနဲ့ ခုချိန်ပြန်တွေးကြည့်မိရင် အဆုံးအဆမရှိတဲ့အရူးအမူးချစ်ခြင်းတရားတွေကို ခံစားမိရတယ်။

ကုမင်းရန်ရဲ့ တက္ကသိုလ်တက်ရတဲ့အချိန်က အလွန်တိုတောင်းတယ်။ သူ ဒုတိယနှစ်မှာတင် ဘာသာရပ်အားလုံးကို ပြီးစီးသွားခဲ့ပြီ။ သူ့ရဲ့ဘွဲကြိုယူအပြီးမှာ ကိုလံဘီယာတက္ကသိုလ်ကနေ ဘွဲ့လွန်တက်ဖို့ကမ်းလှမ်းချက်ကို အောင်အောင်မြင်မြင်ရရှိခဲ့ပြီးတော့ နိုင်ငံခြားမှာဆက်လက်ပညာသင်ဖို့ရွေးချယ်ခြင်း ခံရလေတယ်။

ဒါက ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုဖြစ်နေလေတော့ သူ တုံ့ဆိုင်းနေမိခဲ့တယ်။ သူသွားချင်တယ်။ဒါပေမဲ့လည်း လင်းကျန်ကို နောက်မှာချန်မထားခဲ့ချင်ပြန်ဘူး။

လင်းကျန်က သူ အမြဲစီစဉ်စီမံပေးတဲ့အရာရာတိုင်းနဲ့အတူ ဘဝကြီးကို သက်တောင့်သက်သာ နေနေခဲ့တာဖြစ်တယ်။ဒီနှစ်နှစ်အတွင်းမှာ လင်းကျန်က အခြေခံလိုအပ်ချက်မျိုးတွေဖြစ်တဲ့ စားတာသောက်တာ၊ဝတ်တာတွေကိုတောင် သူစီစဉ်ပေးတာမျိုးနဲ့မှ အသားကျနေခဲ့ပြီ။ သူ(လင်းကျန်)တော်တဲ့အရာတစ်ခုတည်းက ဂိမ်းဆော့တာပဲ ရှိတယ်။

ကုမင်းရန်အနေနဲ့ ဒီလိုအဖိုးတန်ဘဲလေးကို အိမ်မှာထားခဲ့ဖို့ ဘယ်လိုလုပ်စိတ်အေးပါ့မလဲ။ဒီတော့ သူ့မှာ သူနဲ့အတူသွားဖို့လင်းကျန်ကို ဆွဲဆောင်ဖို့သာကြိုးစားရတော့တယ်။

********

လရောင်လွှမ်းတဲ့ညတစ်ညမှာ နှစ်ယောက်သားက အလွန်အမင်းကို တွယ်ဆက်နေခဲ့ကြတယ်။လင်းကျန်က ကုမင်းရန်ခန္ဓာကိုယ်အပေါ်မှာလှဲလိုက်ရင်း မောဟိုက်နေတယ်။ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်ရင်း စသားတစ်ကြောင်းကိုတောင် နှစ်ခါ ခွဲပြောနေရတယ်။

"မင်းဒီနေ့ငါ့ကို....သတ်ဖို့များကြိုးစားနေတာလား"

ဒီ အကြင်နာမဲ့တဲ့လူကြီးက သူ့ကို ဆွဲဖြဲစားသောက်ချင်နေတဲ့ပုံ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now