Zawgyi
What Should I Do if the School Bully is Interested in Me
Ch82 - Dad Said He Wants to Hold His Grandson This Year
စနေနေ့မှာတော့ ကျိလျောင်က ကျန်းချီထံ အိမ်လိပ်စာ ပို့ပေးပြီးတဲ့နောက်မှာ မုန့်ယောင်ယောင်ကို အိမ်ထဲက ခေါ်ထုတ်လာခဲ့တယ်။
စိတ်ရှုပ်ထွေးစွာနဲ့ပဲ မုန့်ယောင်ယောင်က သူမရဲ့ အိတ်လေးကို ဆုပ်ကိုင်ရင်း နောက်ကလိုက်လာတယ်။
"ငါတို့ ဘယ်သွားကြမှာလဲ"
ခုတလော အတော်စိတ်ဓာတ်ကျနေတာမို့ သူမမှာ အပြင်ထွက်ဖို့ မုဒ်ရှိမနေဘူး။third wheelလည်း ဖြစ်ချင်စိတ်မရှိသေးသလို ခွေးစာတွေတောင် စားချင်စိတ်မရှိသေးဘူး။
ကျိလျောင်က ဆိုတယ်။
"အရင်တစ်ခါ နင့်ကိုကယ်ပေးတဲ့ ကျဲလေ...သူက ဟယ်ချန်းမင်ရဲ့ မရီး ဖြစ်နေတာ။ သူက နင်နဲ့တွေ့ချင်လို့တဲ့"
သူက စိတ်ပိုင်းဆိုင်ရာ အကြံပေးချက်အကြောင်းကိုတော့ အထိခိုက်မခံတဲ့အကြောင်းအရာတစ်ခုလို့ဖြစ်နေမှာစိုးတဲ့အတွက် ပြောပြမထားလိုက်ဘူး။ စိတ်ပြေလက်ပျောက်ဖြစ်အောင် သူငယ်ချင်းအသစ်တစ်ယောက်နဲ့တွေ့ဖို့ လို့သာ ပြောထားလိုက်တာ ဖြစ်တယ်။
"ကျန်းချီကျဲကျဲလား"
မုန့်ယောင်ယောက်က အတည်ပြုသလိုနဲ့ ခေါင်းလှည့်ကြည့်တယ်။ သူမပုံစံက စိတ်ခွန်အားတွေ တက်ကြွသွားတဲ့ပုံလိုပါပဲ။
သူမ ထိုကျဲကျဲကို မှတ်မိနေတယ်။သူမကို ကယ်တင်ပေးခဲ့တုန်းက ထိုကျဲကျဲက အရမ်းသတ္တိရှိပြီးတော့ ကောင်းရှန့်ကို ကြောက်လန့်သွားအောင်ထိ ရိုက်နှက်ပစ်ခဲ့တာ။ တကယ့်အမိုက်စားပဲ!။
ကျိလျောင်က သူမရဲ့စိတ်ဝင်စားမှုကိုမြင်တော့ သူ့အသံက တက်ကြွသွားတယ်။
"အင်း အဲ့ဒါသူပေါ့"
မုန့်ယောင်ယောင်က သူ့ကိုမရေမတွက်နိုင်အောက် ကူညီပေးခဲ့ပြီးပြီ။ ဒီတော့ သူလည်း မုန့်ယောင်ယောင်ကို တစ်ခုခု ပြန်ကူညီချင်တယ်။ မိန်းမကောင်းလေးတွေက ဘာနာကျင်မှုမျိုးကိုမှ မခံစားသင့်ဘူးလေ။
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။