Ch39 - Full of Nonsense

9.7K 1.5K 90
                                    

Zawgyi

What Should I Do if the School Bully is Interested in Me


Ch39 - Full of Nonsense

အဲဒီညမှာ ကျိလျောင်က newsfeedကို ပွတ်ဆွဲနေတုန်းမှာ လင်းကျန်ရဲ့ Statusကို အမှတ်မထင် မြင်လိုက်ရတယ်။

/ငလူး! ခွေးရူးတစ်ကောင်ကိုက်တာကို ထပ်ခံလိုက်ရပြန်ပြီ။ သောက်ကျိုးနည်းဘဝ!/

စာနဲ့အတူ ပုံထဲမှာတော့ တစ်စုံတစ်ယောက်ရဲ့လည်ပင်းကို ခဲထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ခွေးတစ်ကောင်ပုံ ပါလေတယ်။

ကျိလျောင်က ရယ်မောလိုက်ရင်းမှ ကုမင်းရန်က ကွန်းမန့်ရေးထားတာကို သတိထားမိသွားတယ်။ အဲဒီ ကွန်းမန့်မှာ စကားလုံးတစ်လုံးပဲ ပါလေရဲ့။

/ဝုတ်/တဲ့။

???

ဒီပုံမှန်မဟုတ်တဲ့ ခွေးစာ(RSစာ) တွေက ဘာဖြစ်နေကြတာတုန်း?!

သူက အင်္ဂလိပ်စာလုံးတစ်ချို့ကို ကျက်မှတ်နေတုန်းမှာပဲ ရွှီအိုက်ဝမ်က တံခါးခေါက်ပြီး ဝင်လာတယ်။ သူမရဲ့သားလေးက ခုတစ်လော စာအရမ်းကြိုးစားနေတာကို မြင်ရတော့ သူမက အရမ်းကို ကျေနပ်နေလေတယ်။ ပူပူနွေးနွေးနွားနို့ခွက်ကို ဘေးမှာ ချထားရင်းနဲ့ သူမက ကျိလျောင်ကို ကျန်းမာရေးကို ဂရုစိုက်ဖို့နဲ့ အရမ်းနောက်ကျအောင်မနေဖို့ သတိပေးနေတော့တယ်။

ကျိလျောင်က ခေါင်းငြိမ့်ပြလိုက်တယ်။ ရွှီအိုက်ဝမ်က ထွက်သွားဖို့ပြင်ပြီးတော့မှ တစ်ခုခုပြောဖို့ကို သတိရသွားသလိုနဲ့ နောက်ကိုပြန်လှည့်ရင်း မေးတယ်။

"ထန်ထန်..နောက်အပါတ် စာမေးပွဲပြီးရင် အန်ကယ်မုန့်တို့နဲ့ ထမင်းအတူစားကြမလား"

ကျိလျောင်က မှင်သက်မိသွားပေမဲ့ သဘောတူလိုက်ပါတယ်။

"ဟုတ်ကဲ့"

ရွှီအိုက်ဝမ်က စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်းချရင်း ပြုံးပြတယ်။

"ဒါဆိုလည်း သားစာကြည့်နေတာကို အမေ မနှောင့်ယှက်တော့ပါဘူး"

ပြောပြီးတော့ သူမက တံခါးဖွင့်လို့ ထွက်သွားတော့တယ်။

နောက်ဆုံးစာမေးပွဲကြီးကို နှစ်ရက် ပိုင်းခြားထားတယ်။ ပထမတစ်ရက်က အင်္ဂလိပ်စာနဲ့ သချာင်္။ ဒုတိယတစ်ရက်က ရသစာပေ မဟုတ်ရင်တော့ သိပ္ပံပေါ့။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now