Ch59 - Was That Person Better Looking Than Me? Mmm?

7.3K 1.2K 72
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch59 - Was That Person Better Looking Than Me? Mmm?


Note : ရှေ့အခန်းမှာကျိလျောင် ပေါင်ပွန်းရတဲ့အကြောင်းကို အကုန်လုံး မသဲမကွဲတွေဖြစ်ကုန်တယ်မလား။ သူတို့က sexလုပ်တဲ့အဆင့်ထိ မရောက်သေးဘူးလို့ ကျိလျောင်က ဆိုထားတော့ ကိုယ့်အထင် ဟယ်ချန်းမင် ညီလေးက ကျိလျောင်ပေါင်နှစ်လုံးကြားထဲပဲ အဝင်အထွက်ပြုတယ် ထင်တာပဲ။ ဘာဖြစ်ကုန်တာလဲဆိုတဲ့လူတွေအတွက်ဖြေပေးတာနော်။ သိတဲ့လူတွေကတော့ ဆက်သာမှောင်နေလိုက်ကြ XD

နှစ်ယောက်သားရဲ့နှုတ်ခမ်းတို့က စိတ်ကျေနပ်နှစ်သိမ့်စွာဖြင့် ခွာလိုက်ကြတယ်။

"ဘေဘီ အင်္ကျီတွေယူလာသေးလား"

သူကမေးလိုက်တယ်။ သူ့အသံက ကျေနပ်နှစ်သိမ့်လို့နေရဲ့။

စိတ်ရှုပ်ထွေးသွားတဲ့ ကျိလျောင်က ခေါင်းခါပြလိုက်တယ်။

"ဟင့်အင်း...မင်းမှ ငါ့ကိုမပြောပဲ"

သူ နေရာကို စုံစမ်းထားတုန်းက မီယာ့ဇိမ်ခံသဘောင်္က မြို့ရဲ့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ သိထားခဲ့တာ။ ဒီတော့ သူတို့နှစ်ယောက် ညရှုခင်းကြည့်ပြီးရင် ပြန်လာမယ်လို့ တွေးထားခဲ့တာ။ သူတို့ကတစ်ညလုံးကြီးနေမှာမို့လို့လား။

ဟယ်ချန်းမင်က ဥာဏ်နီဥာဏ်နက်များစွာပြုံးပြရင်း သူ့နားနားကပ်လို့ဆိုတယ်။

"ဒါဆိုလည်း ကိုယ့်ဟာယူဝတ်ပေါ့"

သူက ရည်ရွယ်ချက်ရှိရှိနဲ့ကို မပြောပြထားခဲ့တာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျိလျောင်က သူ့အင်္ကျီတွေ ဝတ်ထားတာကို သူမြင်ချင်လှတယ်လေ။သူ့အကြည့်တို့က အောက်ဘက်ကို စုန်ဆင်းသွားတယ်။ ဘောင်းဘီရှည်ဝတ်ထားတဲ့တစ်ဖက်ကောင်လေးရဲ့ ရှည်လျားသွယ်လျတဲ့ခြေထောက်တို့က အရင်တစ်ခါတုန်းက သူခံစားခဲ့ရတဲ့ ပီတိသောမနဿဖြစ်ခဲ့ရခြင်းတွေကို အမှတ်ရသွားစေတယ်။ အခုညကိုတော့ သူကောင်းကောင်းအသုံးချမှဖြစ်မယ်။

နှစ်ယောက်သားက အတူယှဉ်တွဲကာလျောက်လာကြတယ်။ ဟယ်ချန်းမင်က သူ့လက်ကို ကျိလျောင်ပခုံးပေါ်တင်လိုက်ပြီးတော့ သူ့လက်ညိုးထိပ်ဖျားက ကျိလျောင်ရဲ့ ညှပ်ရိုးပေါ်ကိုထပ်ခါတစ်လဲလဲကို ပွတ်သပ်နေတော့တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now