Side Story 22 (Gu❤️Lin)

4.7K 1K 64
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch112 - Side Story 22 – Insulting Her Son in a Fancy Manner (Gu Ming Ren x Lin Jiang)

လင်းကျန် ကြက်သေသေသွားတယ်။ ရုတ်တရပ်ရောက်လာတဲ့ ငွေအမြောက်အမြားက သူ့ကို ကြောက်လန့်သွားစေရတယ်။

"ဒါက ကျွန်တော့် မိဘတွေ ချန်ခဲ့ပေးတာလား"

လင်းကျန် သံသယတစ်ချို့ဖြစ်နေမိတယ်။

သူ့မိဘတွေ ထွက်ပြေးတိမ်းရှောင်တုန်းက သူတို့က သူ့ကိုအသိပေးဖို့တောင် အချိန်မရှိခဲ့ဘူးလေ။သူတို့က ဘယ်လိုလုပ် ဒီလောက်များတဲ့ငွေအမြောက်အမြားကို ချန်ခဲ့နိုင်မှာတဲ့လဲ။

ဦးလေးလင်းက ပြတင်းပေါက်နားကိုလှမ်းသွားကာ အပြင်ဘက်ကနွေးထွေးတဲ့နေရောင်ခြည်ကိုကြည့်ရင်း ဖော်ရွေစွာနဲ့ ဆက်ပြောတယ်။

"မင်းမိဘတွေက ဒီနှစ် မတ်လမှာ ဦးလေးကိုဆက်သွယ်ခဲ့တယ်။ သူတို့က ဒီငွေအများကြီးကို ဦးလေးဆီလွှဲပေးရင်း ဒါက မင်းရဲ့အနာဂါတ်လက်ထပ်ပွဲအတွက်လို့ပြောတယ်။ အဲ့ဒီတုန်းကတော့ ဦးလေးလည်း ထူးဆန်းတယ်လို့တွေးမိတယ်။ သူတို့ဘာသာ သိမ်းထားရမယ့်အစား ဘာလို့များ ငါနဲ့ထားခဲ့ပါလိမ့်ပေါ့...ဇွန်လရောက်မှ လင်းgroupက ပိုက်ဆံတွေ ခဝါချတဲ့အကြောင်းနဲ့ ထွက်ပြေးတိမ်းရှောင်တဲ့သတင်းကို မြင်လိုက်ရတယ်။ အဲ့ဒီတော့မှ မင်းမိဘတွေ ဦးလေးနဲ့အတူ ဒီပိုက်ဆံတွေထားခဲ့တဲ့အကြောင်းရင်းကို သဘောပေါက်တော့တယ်။"

"ကံမကောင်းချင်တော့ အဲ့ဒီတုန်းက ဦးလေး မင်းကို ဆက်သွယ်လို့မရခဲ့ဘူး။"

ဦးလေးလင်းက လင်းကျန်ဘက်လှည့်ကြည့်ကာ ပူဆွေးဝမ်းနည်းစွာသက်ပြင်းချရင်း ပြောလေတယ်။
 
"မင်းအဖေက ငယ်ငယ်ကတည်းက လုပ်ရဲကိုင်ရဲသမား။ သူအမြဲတမ်း ပြောလေ့ရှိတာက ကြောက်ရင်လွဲ ရဲရင်မင်းဖြစ် ဆိုတာပဲ။ ထင်မထားမိတာက သူ..."

သူ သူ့လှေသူ မှောက်မိသွားတာပဲ။

သူ ဘယ်လိုလုပ် တရားမဝင်တဲ့အရာမျိုးကိုလုပ်ခဲ့ရတာလဲ။

ဦးလေးလင်းဟာ အဲ့ဒီအချိန်တုန်းက မေးခွန်းတွေအများကြီးမမေးခဲ့မိတဲ့ သူ့ကိုယ်သူ စိတ်တိုနေမိတယ်။ အကယ်၍သူသာ မေးဖြစ်ခဲ့ရင် သူတို့တွေကို ရပ်တန့်ဖို့ တားမြစ်နိုင်ကောင်း တားမြစ်နိုင်ခဲ့မှာပဲလေ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now